DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ဂိုလီးယားသမ္မတ ပူးတွဲဟောပြောမည်
DVB
·
April 28, 2013
ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ဂိုလီးယားသမ္မတ ပူးတွဲဟောပြောမည်
Donate to DVB

မွန်ဂိုလီးယားသမ္မတ Ts. Elbegdorj ရဲ့ ပုဂ္ဂိုလ်ရေးဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ ၂၇ ရက် ညက ကိုရီးယားလေကြောင်းလိုင်းနဲ့ မွန်ဂိုလီယားနိုင်ငံသို့ထွက်ခွာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ဂိုလီယားနိုင်ငံ အစိုးရအိမ်တော်မှာ ဧပြီ ၃၀ ရက်ကျရင်  ၇ ကြိမ်မြောက် ဒီမိုကရေစီအသိုက်အ၀န်းရဲ့ ၀န်ကြီးအဆင့်ညီလာခံမှာ မွန်ဂိုလီးယားသမ္မတနဲ့အတူ  “မွန်ဂိုလီးယားနဲ့ မြန်မာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ရှေးရှုရာလမ်း’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပူးတွဲဟောပြောကြမှာ ဖြစ်ပါတယ်။

[caption id="attachment_38863" align="alignleft" width="300" caption="ဧပြီလ ၂၇ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာ"][/caption]

ဒီဟောပြောမှုကို မွန်ဂိုလီးယားစံတော်ချိန်နေ့ခင်း ၂ နာရီ၊ မြန်မာစံတော်ချိန်အားဖြင့် (မွန်းတည် ၁၂ နာရီခွဲ ) မှာ တိုက်ရိုက်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့ဖြစ်လာတာဟာ မတ် ၅ ရက်နေ့က မွန်ဂိုလီးယားသမ္မတရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးရာအကြံပေးပုဂ္ဂိုလ်နဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီးနောက်မှ ဖြစ်ပေါ်လာတာပါ။

မွန်ဂိုလီယားကိုယ်စားလှယ်အဖွဲ့ဟာ သမ္မတရုံးညွှန်ကြားရေးမှူးနဲ့ တွေ့ဆုံတာ၊ လွှတ်တော်တာဝန်ရှိသူတချို့နဲ့ တွေ့ဆုံပြီး အကျိုးတူဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ အမြင်ချင်းဖလှယ်ခဲ့ပါတယ်။

ဒီအစည်းအဝေးတွေမှာ ဧပြီ ၂၇ ကနေ ၂၉ ထိ အူလန်ဘတောမှာ ကျင်းပမယ့် ဒီမိုကရေစီအသိုက်အ၀န်းရဲ့ ၇ ကြိမ်မြောက် ၀န်ကြီးအဆင့်ညီလာခံကို မြန်မာဘက်က လွှတ်တော်နဲ့ အစိုးရကိုယ်စားလှယ်တွေ တက်မယ်လို့ အကြောင်းကြားခဲ့ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မယ်လို့  ဖြစ်လာတာပါ။

အဲဒီအစည်းအဝေးကို နိုင်ငံပေါင်း ၁၃၁ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၂၀ ကျော်ကို ဖိတ်ကြားခဲ့ပါတယ်။ မွန်ဂိုလီးယားသမ္မတက နိုင်ငံ ၁၀ ခုက အကြီးအကဲတွေကို ဂုဏ်ထူးဆောင်ဧည့်သည်တော်တွေအနေနဲ့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲမှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပြင် ၂၀၁၁  ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မစ္စစ် တာဝပ်ကော ကာမန် (Tawakkol Karman) ကိုလည်း ဖိတ်ကြားထားပါတယ်။ သူ့ကိုတော့ မွန်ဂိုလီယားနိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ အူလန်ဘတောမှာ ကျင်းပမယ့် စီဒီ (Community of Democracies) ၀န်ကြီးများအဆင့်ညီလာခံကို တက်ဖို့ ဖိတ်ကြားထားပါတယ်။

မစ္စစ် တာဝပ်ကော ကာမန်ဟာ ယီမင်နိုင်ငံမှာ ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းမှာ အမျိုးသမီးတွေ အပြည့်အ၀ ပူးပေါင်းပါဝင်ခွင့်ရဖို့နဲ့ အမျိုးသမီးတွေရဲ့ လုံခြုံမှု အကြမ်းမဖက်ဆောင်ရွက်တဲ့ သူရဲ့လုပ်ဆောင်ချက်ကို အသိအမှတ်ပြုမှုအဖြစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
သူဟာ အသက် ၃၂ နှစ်သာ ရှိသေးပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရတဲ့ ပထမဆုံး ယီမင်အမျိုးသမီး၊ အာရပ်အမျိုးသမီးနဲ့ ဒုတိယမြောက် မွတ်စလင်အမျိုးသမီးဖြစ်သလို နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်တွေထဲမှာ အသက်အငယ်ဆုံးဆုရရှိသူ ဖြစ်ပါတယ်။ ကလေး ၃ ယောက်မိခင် သူဟာ လူ့အခွင့်အရေးလှုပ်ရှားသူ၊ စာနယ်ဇင်းသမားနဲ့ နိုင်ငံရေးသမား ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013