DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်က ဒုက္ခသည်များအတွက် လယ်ယာနှင့်ငါးဖမ်းလုပ်ငန်း ကူညီမည်
DVB
·
April 26, 2013
ရခိုင်ပြည်နယ်က ဒုက္ခသည်များအတွက် လယ်ယာနှင့်ငါးဖမ်းလုပ်ငန်း ကူညီမည်
Donate to DVB

လျှပ်စစ်နဲ့ စက်မှုလက်မှု  ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်နဲ့ ပြည်ထောင်စု ဒုဝန်ကြီးတွေဟာ အခုရက်ပိုင်း နေပြည်တော်မှာ တွေ့ဆုံပြီး ဒုက္ခသည်တွေရဲ့ လယ်ယာနဲ့ ငါးဖမ်းလုပ်ငန်းခွင်တွေမှာ ပြန်လည်လုပ်ကိုင်ရေး ထောက်ပံ့ကူညီမယ့် အစီအစဉ်ကို ဆွေးနွေးကြပါတယ်။

အစည်းအဝေး တက်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ် လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသာလူရွှေက ခုလို ပြောပါတယ်။

“နေရာတွေ ချထားပေးပြီးရင်ပေါ့။ အခင်းဖြစ်တာက ၁၁ လလောက်ရှိလာပြီ။ အဲဒါ ပြည်နယ်အစိုးရမှာလည်း ၀န်ထုတ်ဝန်ပိုးဖြစ်လာတယ်။ နေရာတွေ ချပေးပြီးတော့ ငါးရှာတဲ့လူတွေကို ပိုက်တွေ၊ လှေတွေ ထုတ်ပေးပြီး၊ လယ်ယာစိုက်ပျိုးတဲ့သူတွေကို မျိုးစပါးတွေ ပေးပြီးတော့ လယ်ပြန်လုပ်ကိုင်နိုင်အောင် အကောင်အထည်ဖော်ပေးမယ့်သဘော” လို့ ပြောပါတယ်။

“မိုးရွာတာနဲ့ စပါးတွေ စိုက်ပျိုးနိုင်အောင်၊ ပြီးတော့ ကိုယ့်နေရာနဲ့ကိုယ်အတည်တကျဖြစ်ပြီးတော့ ကိုယ့်လုပ်ငန်းတွေကို လုပ်နိုင်အောင်၊ ရခိုင်ပြည်နယ်အစိုးရအပေါ်မှာလည်း ၀န်ထုပ်ဝန်ပိုးဖြစ်ပြီးတော့ အလုပ်ကိစ္စတွေနဲ့ပတ်သက်ပြီး ဘာမှမလုပ်နိုင်သေးတဲ့အတွက် ပြည်ထောင်စုအစိုးရက ဦးစီးပြီးတော့ အဲဒါတွေ ဘယ်လိုပြေလည်အောင် ညှိနှိုင်းရမလဲဆိုတာ ခေါ်တဲ့အစည်းအဝေးပါ။”

အဲဒီအစည်းအဝေးကို ရခိုင်ပြည်နယ် လျှပ်စစ်နဲ့စက်မှုလက်မှုဝန်ကြီးနဲ့ ပြည်နယ်စက်မှုလက်မှု ညွှန်ကြားရေးမှူး ဦးသန်းအောင်တို့လည်း တက်ရောက်ပါတယ်။

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ပြည်ထောင်စုအစိုးရက သုံးစွဲမယ့် ငွေကြေးအခြေအနေတွေနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

“လိုအပ်တဲ့အနေအထား စာရင်းဇယားတွေ၊ ဘယ်လောက်လိုအပ်မလဲ။ ဥပမာအားဖြင့် ဒုက္ခသည်စခန်းမှာ လူတွေဘယ်လောက်ရှိမလဲ။ အဲဒီလူစာရင်းတွေကို အသေအချာကြည့်ပြီးတော့ မျိုးစပါးဘယ်လောက်၊ တံငါလုပ်ငန်းလုပ်နေတဲ့လူတွေကျတော့ လှေကဘယ်လောက်၊ ပိုက်ကွန်က ဘယ်လောက်လိုအပ်မယ်ဆိုတာတွေပေါ့။”

ဒီအကူအညီတွေကို ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဘာသာမတူလူမျိုးမခွဲဘဲ ဒုက္ခသည်တွေကို ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

“အဆင်ပြေသွားအောင်။ အစိုးရကလည်း အဲဒါတွေ ပံ့ပိုးပေးနေရတာနဲ့ပဲ အချိန်တွေကြာလာတာ အခုဆို ၁၁ လတိတိရှိပြီ။ ယူအန်အိပ်ခ်ျစီအာကလည်း ပံ့ပိုးမှုတွေ ပေးနေတာ ဩဂုတ်-စက်တင်ဘာလလောက်ဆို ပံ့ပိုးမှု မပေးနိုင်ဘူးဆိုတဲ့ ကိစ္စတွေ ဖြစ်လာတော့ အဲဒါကို အကောင်အထည်ဖော်နေတဲ့ သဘောပဲဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်ထဲမှာ ၂၀၁၂ ခုနှစ် ဇွန်လကစပြီး ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီး ၁ သိန်းကျော် အိုးအိမ်မဲ့ဘ၀နဲ့ အတိဒုက္ခရောက်ခဲ့ရတယ်လို့ အစိုးရက ထုတ်ဖော်ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013