DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အစိုးရသို့ ပန်ကြားလွှာ
DVB
·
May 16, 2020
နိုင်ငံတော်အစိုးရသို့ ပန်ကြားလွှာ
1 / 2
Donate to DVB

၂၀၂၀ ပြည့်နှစ်၊ မေလ (၁၆) ရက်။

နိုင်ငံတော် အကြီးအကဲများ ခင်ဗျား။

မိမိတို့သည် အသင်းဝင်ပေါင်း (၂၅၀) ဦးရှိသော၊ မြန်မာနိုင်ငံ ယမကာထုတ်လုပ်ဖြန့်ဖြူးသူများ အသင်းကို ကိုယ်စားပြုပါသည်။ နိုင်ငံတော်အစိုးရအနေနှင့် နိုင်ငံခြားကုမ္ပဏီများအား အရက်ချက်လုပ်ခွင့်နှင့် အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့် (D1) လိုင်စင်များ ထပ်မံချထားပေးရန် သုံးသပ်လျက်ရှိကြောင်း ကြားသိရပါသည်။ ယခုလက်ရှိတွင် အရက်ချက် လုပ်ခွင့်နှင့် အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့် (D1) လိုင်စင်ပေါင်း (၇၀) ခုချထားပေးပြီး၊ ယင်းတို့အနက်မှ (D1) လိုင်စင်ပေါင်း (၁၀) ခုသာ ယခုတိုင် ပုံမှန်လည်ပတ်၍ ထုတ်လုပ်ဖြန့်ဖြူးလျက် ရှိပါသည်။ ဈေးကွက်ထဲ၌၊ ယမကာထုတ်လုပ်မှုများသည်၊ ဝယ်လိုအားထက် အဆမတန်များပြားနေသည် ဟူ၍လည်း အကြံပြု တိုင်ကြားခြင်းများ ရှိနေပါသည်။

မြန်မာနိုင်ငံ ယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်း၏ အသင်းဝင်ကုမ္ပဏီများသည် မြန်မာ့လူမှုဝန်းကျင်ကို အကျိုးပြုသော အဖွဲ့အစည်းများအဖြစ် ရပ်တည်လျက်ရှိကြပါသည်။ နှစ်စဉ် နိုင်ငံတော်အတွက် အထူးကုန်စည် ဘဏ္ဍာအခွန်ငွေများ ပေးဆောင်လျက်ရှိပြီး၊ အခွန်အများဆုံးပေးဆောင်သော ထိပ်တန်းကုမွဏီ (၁၀) ခုတွင် ပါဝင်လျက်ရှိပါသည်။  ယင်းအခွန်ဘဏ္ဍာငွေများဖြင့်သာမက အသင်းအနေဖြင့်သော်လည်းကောင်း၊ ကုမ္ပဏီတစ်ခုချင်းစီ အနေဖြင့်သော်လည်းကောင်း၊ အလှူငွေများလှူဒါန်းလျက်၊ နိုင်ငံတော်အကျိုးပြု ဆေးရုံ၊ လမ်းတံတား၊ အများပြည်သူပိုင်အဆောက်အဦ၊ စသဖြင့် တည်ဆောက်ရေးများတွင်လည်း တတပ်တအား အထောက်အကူပြုလျက်ရှိပါသည်။ 

ယခု ကြုံတွေ့နေကြရသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေး အခြေအနေ ယိုယွင်းနေသည့် အနေအထားတွင် မိမိတို့အနေနှင့် အရန်ဘဏ္ဍာငွေ ပမာဏမြောက်မြားစွာ အသုံးပြုရမည်ဖြစ်သော်လည်း၊ အခွန်ပေးဆောင်ခြင်းများကို မပျက်မကွက် ပေးဆောင်လျက်ရှိပြီး၊ အများပြည်သူအကျိုးကို ရှေးရှုလျက် တတ်အားသဖြင့် ရက်ရောစွာ လှူဒါန်းလျက်ရှိပါသည်။ မိမိတို့အနေဖြင့် ယခုကမ္ဘာနှင့်တဝန်းတွင် ကြုံတွေ့နေကြရသော ရောဂန္တရကပ်ဆိုးနှင့် စီးပွားရေးယိုယွင်းမှု၌၊ ပြန်လည်ထူထောင်ရေးအတွက် အားလုံးဝိုင်းဝန်းလျက် ပူးပေါင်းပါဝင်သင့်သည်ဟု ယုံကြည်ပါသည်။ မိမိတို့အနေဖြင့်  အဆင့်အသီးသီးမှ ဝန်ထမ်းဦးရေ စုစုပေါင်း (၃၀,၀၀၀) ကျော်ကို ခန့်အပ်ထားရှိပြီး၊ ပြည်တွင်းရှိမိမိတို့ ဂေဟစနစ်တွင် အထက်အောက် သွယ်ဝိုက်သောအားဖြင့် ဆက်စပ်လျက်ရှိသော အများပြည်သူပေါင်း ရာထောင်ချီ၍ အကျိုးသက်ရောက်မှုရှိနေပါသည်။

ယခုအချိန်တွင်၊ အရက်ချက်လုပ်ခွင့်နှင့် အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့် (D1) လိုင်စင်များ ထပ်မံချထားပေး ခြင်းသည်၊ မိမိတို့ စီးပွားရေးများအတွက် ဆိုးရွားသော အကျိုးသက်ရောက်မှုကို ဖြစ်စေသည့်အတွက်၊ နိုင်ငံတော်အစိုးရအနေနှင့် ပြန်လည်သုံးသပ်သင့်ပါကြောင်း မေတ္တာရပ်ခံအပ်ပါသည်။ မိမိတို့အနေဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော နိုင်ငံများမှ အရက်ချက်စက်ရုံများနှင့် တန်းတူယှဉ်ပြိုင်နိုင်စေရန ဦးတည်လျက်၊ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ သန္နိဋ္ဌာန်ချမှတ်၍ တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါသည်။

ကျေးဇူးတင်ပါသည်၊ ခင်ဗျား။

ဥက္ကဋ္ဌနှင့် အသင်းဝင်များ

မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013