DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ် နတ်ချောင်းရွာတွင် အိမ်ထောင်စု ၁၂၀ ခန့် ရေအခက်အခဲ ဖြစ်နေ
DVB
·
May 16, 2020
ကလေးမြို့နယ် နတ်ချောင်းရွာတွင် အိမ်ထောင်စု ၁၂၀ ခန့် ရေအခက်အခဲ ဖြစ်နေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းရွာ အင်းစိန်ရပ်က အိမ်ထောင်စု ၁၂၀ ခန့်ဟာ တန်ခူးလလယ်ခန့်လောက်ကတည်းက ရေအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ဆီ ရေပြတ်တာကတော့ ပြီးခဲ့တဲ့ တန်ခူးလလယ်လောက်က ငလျင်လှုပ်တယ်။ အဲဒီငလျင်ပြီးတော့ ရေတွင်းတွေ ရေခန်းကုန်တယ်။ ရေတွင်းတွေက အိမ်တိုင်းလိုလို ရှိနေပေမယ့် ရေခန်းတဲ့ ပြဿနာကြောင့် ရေကို နီးစပ်ရာမှာ ဂါလန်ပုံးတွေနဲ့ ရေသယ်ယူနေရပြီး ရေတွင်းတွေက ရေအနည်းငယ်ပဲ ခပ်ရလို့ တွင်းပိုင်ရှင်တွေလည်း အားနာရတယ်။ ခက်တာက ရေက ကျွဲ၊ နွားတွေအတွက် ခက်ခဲနေတာ” လို့ ​ဒေသနေထိုင်သူတွေက ဆိုပါတယ်။

အဲဒီရပ်ကွက်တွေမှာ ရေအခက်အခဲက အခုနှစ်မှ စတင်ဖြစ်ပေါ်တာဖြစ်ပြီး ရေခန်းတာ လဝက်ခန့်ရှိပြီလို့ သိရပါတယ်။

သက်ဆိုင်ရာက ရေအခက်အခဲဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာနေဆဲဖြစ်ပြီး ကိုဗစ်ကာလမို့ လုပ်ငန်းတွေ နားထားတာကြောင့် ရေသွယ်ယူရေးတွေအတွက်လည်း ဆောင်ရွက်နေပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013