DVB Logo
Home
မြန်မာသတင်း
ကိုရိုနာကပ်ဘေးထောက်ပံ့‌ရန် ဒေါ်လာ ၃ ထရီလီယံ  အမေရိကန်အောက်လွှတ်တော် အတည်ပြု
DVB
·
May 16, 2020
ကိုရိုနာကပ်ဘေးထောက်ပံ့‌ရန် ဒေါ်လာ ၃ ထရီလီယံ  အမေရိကန်အောက်လွှတ်တော် အတည်ပြု
Donate to DVB

အမေရိကန်အောက်လွှတ်တော်ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးထောက်ပံ့ရေးအတွက် ဒေါ်လာ ၃ ထရီလီယံသုံးမယ့် ဥပဒေကြမ်းကို မဲအနည်းငယ်အသာနဲ့ မေလ ၁၅ ရက်က အတည်ပြု လိုက်ပါတယ်။ 

ဒီမိုကရက်အများစုက ထောက်ခံခဲ့တဲ့ ဒီဥပဒေကြမ်းကို ထောက်ခံမဲ ၂၀၈ မဲ၊ ကန့်ကွက်မဲ ၁၉၉ မဲနဲ့ အတည်ပြုလိုက်တာပါ။ 

ဒါပေမဲ့ အထက်လွှတ်တော်ကို ထိန်းချုပ်ထားတဲ့ ရီပတ်ဘလီကင်တွေနဲ့ သမ္မတဒေါ်နယ်ထရမ့်တို့ကတော့  ဥပဒေကြမ်းကို အတည်မပြုနိုင်အောင် ပိတ်ဆို့သွားမယ်လို့ ဆိုထားပါတယ်။ 

အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီနဲ့ ဒီမိုကရက်အမတ်တွေကတော့ ပြည်နယ်အစိုးရ တွေ ဒေသခံအစိုးရတွေကို ကူညီဖို့ စာမျက်နှာ ၁၈၀၀ ပါဝင်တဲ့ ဒီဥပဒေကြမ်းကို ရေးဆွဲပြင်ဆင်ခဲ့တာပါ။ 

ဥပဒေကြမ်းကို Heroes Act လို့ ခေါ်ဆိုထားပြီး အမေရိကန်စီးပွားရေးရဲ့နေရာစုံကို ထောက်ပံ့ဖို့ဖြစ်ပါတယ်။ 

ဒေါ်လာဘီလီယံ ၅၀၀ ကို ကပ်ဘေးကြောင့် ရုန်းကန်နေတဲ့ ပြည်နယ်တွေအတွက် သုံးမှာဖြစ်ပြီး  ပြည်သူတွေကို တိုက်ရိုက်ထောက်ပံ့ငွေ ထပ်မံပေးအပ်ဖို့၊ ကပ်ဘေးရှေ့တန်းမှာ လုပ်ကိုင်နေတဲ့ ကျန်းမာရေးလုပ်သားတွေကို ထိခိုက်နစ်နာကြေးတွေ ပေးဖို့  ပါဝင်တယ်လို့ ရိုက်တာ သတင်းက ရေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013