DVB Logo
Home
မြန်မာသတင်း
“မူလလက်ဟောင်းစိုင်းစိုင်းခမ်းလှိုင်” တကိုယ်တော်တေးအယ်လ်ဘမ် ထွက်မည်
DVB
·
May 15, 2020
“မူလလက်ဟောင်းစိုင်းစိုင်းခမ်းလှိုင်” တကိုယ်တော်တေးအယ်လ်ဘမ် ထွက်မည်
1 / 2
Donate to DVB

       နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က အခုနှစ်ထဲမှာ “မူ လလက်ဟောင်းစိုင်းစိုင်းခမ်းလှိုင်” လို့ အမည်ပေးထားတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တချပ်ကို ဖြန့်ချိသွားဖို့ ရှိနေပါတယ်။

       ဒီအကြောင်းကို မေလ ၁၄ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန် ရက်ပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။

       “အရင်က အခွေထွက်ခါနီးအားလုံး ပြီးစီးမှ ကြေညာလေ့ရှိပေမယ့် အခုတော့ ပရိသတ်ကို ကတိပေးတဲ့အနေနဲ့ရော ကိုယ့်ကိုယ်ကိုယ် ကတိပေးတဲ့အနေနဲ့ရော Album စလုပ်တဲ့ အချိန်မှာပဲ အခွေသစ်ကို ကြေညာလိုက်ပါတယ်ဗျာ။”

       အယ်လ်ဘမ်နာမည်ကို သတင်းစာပုံစံ ဆန်းဆန်းပြားပြား ကြေညာထားခဲ့တဲ့ ဒီပို့စ် ထဲမှာတော့ တေးအယ်လ်ဘမ်က အခုမှ စနေတုန်းဖြစ်တာမို့ အချိန် ၃ လလောက်တော့ ကြာဦးမှာ ဖြစ်ကြောင်းလည်း ပရိသတ်တွေကို ပြောပြထားပါတယ်။

       စိုင်းစိုင်းလို့ ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အချစ်တော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ ပြီးခဲ့တဲ့ တနှစ်တာအတွင်း အနုပညာလှုပ်ရှားမှုတွေနဲ့အတူ ပရိသတ်ရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်လောက်ကတည်းက အနုပညာလောကထဲကို မော်ဒယ်လ်ဘဝနဲ့ စ တင်ဝင်ရောက်ခဲ့သူ စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ ပြည့်နှစ်မှာ ပထမဆုံးထွက်ရှိခဲ့တဲ့  ချောကလက်ရောင် ရေခဲအိပ်မက် တေးစီးရီးနဲ့ စတင်လူသိများလာခဲ့တာပါ။

အဲဒီနောက်မှာတော့ သူငယ်ချင်းများစွာ၊ ဖေဖော်ဝါရီမှတ်တမ်း၊ Sai Sai Live Show၊ စိုင်းစိုင်းဟုခေါ်သည်၊ Happy Sai Sai Birthday၊ အမြဲတမ်းဂေါ်လီ Ever Golli၊ ဒိတ်ဒိတ်ကြဲ စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေအပြင် အတွဲသီချင်းခွေပေါင်း များစွာမှာလည်း သီဆိုအောင်မြင်ခဲ့သူပါ။

စက္ကူငှက်၊ ကံကိုဆွဲ၍ မှုန်းသီခြယ် မင်ရည်ကျဲ၏ မကျဲ၏ စတဲ့ ကိုယ်တိုင်ရေး ဝတ္ထုတွေလည်း ထွက်ရှိခဲ့ဖူးတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်၊ အေဒင်ရဲ့ ကချေသည်၊ ကြာတော့သည်လည်း မောင့်စကား စတဲ့ နာမည်ကြီး ရုပ်ရှင်ကား တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး သိပ်မကြာခင်ကတော့ သူကိုယ်တိုင်ထုတ်လုပ်ခဲ့တဲ့ ပိတောက်ကတဲ့ဂီတရုပ်ရှင်ကားကိုလည်း ရုံတင်ပြသနိုင်ခဲ့တာပါ။

သူဟာ တခြားစီးပွားရေးတခုအနေနဲ့ နှုတ်ခမ်းနီမလေးတွေအကြိုက် Sai နှုတ်ခမ်း နီကိုလည်း ထုတ်လုပ်ခဲ့ကာ လက်ရှိအချိန်ထိ ပရိသတ်ရဲ့ အခိုင်အမာအားပေးမှုကို ဆယ် စုနှစ်နဲ့ချီ ရရှိထားခဲ့သူတဦး ဖြစ်ပါတယ်။

သူ့ရဲ့ တနှစ်နဲ့တနှစ် မတူအောင် ကွဲပြားခြားနားတဲ့ တီထွင်ဆန်းသစ်မှုတွေနဲ့ ဖျော်ဖြေခဲ့တဲ့ မွေးနေ့ရှိုးတွေဟာလည်း အောင်မြင်ခဲ့ပါတယ်။

       ပြီးခဲ့တဲ့လကတော့ အသက် အသက် ၄၁ နှစ် ပြည့်ခဲ့ပြီဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ မွေးနေ့အထိမ်းအမှတ် ဖျော်ဖြေပွဲကို လတ်တလော COVID-19 ကပ်ရောဂါကြောင့် အိပ်ခန်းထဲမှ ဖျော်ဖြေပွဲအသွင် “Sai Sai Birthday Show” in Bedroom လို့ အမည်နဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

       ခုလက်ရှိ ပြင်ဆင်နေတဲ့ အယ်လ်ဘမ်သစ်ထဲမှာ ပါဝင်မယ့် သီချင်းတွေနဲ့ ပတ်သက် ပြီးတော့ စိုင်းစိုင်းက “ပရိသတ်က မျိုးဆက် ၂ ခုဖြစ်တဲ့အတွက် လူကြီးမျိုးဆက် Style သွားမလား လူငယ်မျိုးဆက် Trend သွားမလား စဉ်းစားနေရင်းနဲ့ နောက်ဆုံးတော့ ကိုယ် ကြိုက်တာပဲ ကိုယ်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါပြီ…Stay Tuned ပါ သံယောဇဉ်များ ခင်ဗျာ… အခု ၃ လအတွင်း online မှာ ပျောက်နေရင် စိတ်မပူကြပါနဲ့… ကျနော့်ကိုလည်း အမြန်ထွက်နိုင်ဖို့ နားပူပေးကြပါ ( ဥပမာ Facebook မှာတွေ့ တွေ့နေရင် ဝိုင်းဆူလို့ရပါတယ် ) မူလလက်ဟောင်းစိုင်းစိုင်းခမ်းလိုင် ၂၀၂၀ မှာထွက်ပါမယ် Sai Sai Kham Leng ၂၀၂၀ (ဤစာစောင်ကို ပရိသတ်များအားလုံးသို့ ဖြန့်ဝေရန် - )”လို့ ရေးသားပြီး အသိပေးထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013