DVB Logo
Home
မြန်မာသတင်း
အခြားဒေသမှ ခန္တီးမြို့သို့ လာသူများကို ပိတ်ပင်ထား
DVB
·
May 15, 2020
အခြားဒေသမှ ခန္တီးမြို့သို့ လာသူများကို ပိတ်ပင်ထား
Donate to DVB

စစ်ကိုင်းတိုင်း ခန္တီးမြို့ကနေ အခြားဒေသ အလုပ်လုပ်ကိုင်ရန်သွားလာခွင့် ပိတ်ပင်ထားတယ်လို့ ခန္တီးမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ခန္တီးမြို့နယ်အထွေထွေအုပ်ချုပ်ရေး တာဝန်ရှိသူ ကိုအောင်မျိုးဆွေက “ကျနော်တို့ကို တိုင်းအစိုးရက ညွန်ကြားတာ မရှိပါဘူး။ ဒေသန္တရအမိန့်လုပ်တာပါ။ ခန္တီးမှတ်ပုံကလွဲပြီး အခြားဒေသကလာရင် သွားလာလို့ မရပါဘူး။ ရောဂါပိုးကူးမှာဆိုးလို့ လုပ်တာပါ” လို့  ပြောပါတယ်။

ခန္တီးမြို့ကနေ ကောယားကို ပြန်လွှတ်ခံရတဲ့ ဦးအောင်ဌေးက “အခုကျနော်တို့ အလုပ်လုပ်ကိုင်စားသောက်ဖို့ ခန္တီးမြို့ကို မေ ၁၂ ရက်နေ့လာခဲ့တယ်။ ခန္တီးခရိုင် ကောယားကျေးရွာ ကနေ အလုပ်လုပ်ရန်လာခဲ့တယ်။ ကျနော်တို့လာတာ အမြန်ယာဉ်နဲ့ လာခဲ့တာပါ။ ခန္တီးကို ညနေ ၆ နာရီလောက်ရောက်တယ်။ ကျန်းမာရေးအဖွဲ့တွေက အပူချိန်တိုင်း စစ်ဆေးတာ လုပ်ပါတယ်။ ကျန်းမာရေးအရစစ်တော့ လက်ခံတယ်။ ကျနော်တို့ ဘယ်သွားမှာလဲ မေးတယ်။ ခန္တီးမြို့နယ် တိုက်တီးကို သွားမယ်လို့ပြောတယ်။ ဒါဆို သွားလို့မရဘူး၊ ကိုယ့်ဒေသကို ပြန်ရမယ်လို့ ခန္တီးမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောတယ်။ တိုင်းအစိုးရက ခရီးသွားလာပြုတယ်။ ခန္တီး အာဏာပိုင်တွေ ခရီးသွားခွင့်ကိုပိတ်ပင်ထားတယ်။ ခရီးသွားလာခွင့်မရှိဘူးဆိုရင် စာထုတ်ပြန် ပေးသင့်တယ်။ အခုလိုထုတ်ပြန်ရင် ဘယ်သူမှခရီးမသွားဘူး”လို့ ပြောပါတယ်။

ခန္တီး-မုံရွာ ပြေးဆွဲနေတဲ့အမြန်ယာဉ် ၁လကျော်နားထားပြီး မေလ ၉ ရက်နေ့ တိုင်းအစိုးရ ကနေ ခရီးသည် ၅၀ ရာခိုင်နှုန်း တင်ပြီးပြေးခွင့်ပြုခဲ့တယ်။ 

တိုင်းအစိုးရထုတ်ပြန်ထားတဲ့စာမှာ ရောဂါပိုးရှိတဲ့ဒေသမှ လာပါက Quarantine ၂၁ ရက် ပိုးတွေ့ဒေသမဟုတ်တဲ့ စစ်ကိုင်းတိုင်း ပြင်ပမှာ လာပါက home Quarantine ထားရှိဖို့ စစ်ကိုင်းတိုင်းအတွင်း သွားလာခွင့်ရှိကြောင်း ဧပြီ ၂၉ရက်နေ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် က ထုတ်ပြန်ခဲ့ပါတယ်။ 

နန်းစီပွန်၊ တိုက်တီး၊ ဝမ်းပလာ ပယင်းမှော်တွေကို ခန္တီးဒေသခံမှလွဲပြီး အခြားသူတွေ သွားလာခွင့်မပြုကြောင်း သိရပါတယ်။

အောင်ဆန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013