DVB Logo
Home
မြန်မာသတင်း
မောင်တောခရိုင်က COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးသူ ၂၃ ဦး Negative ပြ
DVB
·
May 14, 2020
မောင်တောခရိုင်က COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးသူ ၂၃ ဦး Negative ပြ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ပြည်သူ့ဆေးရုံမှာ Quarantine ထားရှိတဲ့ ကျန်းမာရေးဝန်ထမ်း ၁ ဦးအပါအဝင် ၂၃ ဦးကို  COVID-19 ရောဂါ ရှိ မရှိ ဓာတ်ခွဲစစ်ဆေးရာမှာ  ရောဂါမတွေ့ရှိဘဲ အားလုံးNegative ဖြစ်ကြောင်း မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

"မောင်တောမြို့က Hospital Quarantine ထားရှိသူ ကျန်းမာရေးဝန်ထမ်း ၁ ဦးအပါအဝင် ၅ ဦးနဲ့ ဘူးသီးတောင်မြို့မှ ၁၈ ဦး စုစုပေါင်း ၂၃ ဦး ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ပတ် နမူနာတွေကို ရန်ကုန်က အမျိုးသားဓာတ်ခွဲခန်းကိုပို့ဆောင်စစ်ဆေးခဲ့တယ်။ အားလုံး Negative ဖြစ်ပါတယ်။" လို့မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နုကေသီစံက ဒီဗွီဘီကို ပြောပါတယ်။

မောင်တောခရိုင်အတွင်းမှာ Quarantine ထားရှိသူ ၂၃ ဦး ဓာတ်ခွဲနမူနာတွေကို ဒုတိယအသုတ်အဖြစ် မေ ၆ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးခဲ့တာပါ။

အဆိုပါ ဓာတ်ခွဲစစ်ဆေးချက်အဖြေတွေကို မေလ ၁၁ ရက်နေ့က အီးမေးလ်နဲ့ အကြောင်းကြားလာတာဖြစ်တယ်လို့ ခရိုင်ကျန်းမာရေးဌာနက သိရပါတယ်။

ပထမအသုတ်အဖြစ် ဧပြီလမှာ Quarantine ထားရှိသူတွေထဲက ဘူးသီးတောင်မြို့မှ ၁၈ ဦး မောင်တောမြို့မှ ၂ ဦး စုစုပေါင်း ၂၀ ဦး တို့ရဲ့ ဓာတ်ခွဲနမူနာရယူ  စစ်ဆေးခဲ့ရာမှာလည်း အားလုံး Negative ဖြစ်ခဲ့တယ်လို့  ဒေါက်တာနုကေသီစံက ပြောပါတယ်။

မေလ ၂၄ ရက် အထိ ဘူသီးတောင်မြို့နဲ့ မောင်တောမြို့တွေမှာ COVID-19 ရောဂါဖြစ်ပွားသူ တစ်ဦးမှ မရှိသေးကြောင်း ခရိုင်ကျန်းမာရေးဌာနက သိရပါတယ်။

မောင်တောမြို့မှာ Facility Quarantine ထားရှိသူ ဦးရေ ၃၀၀ ကျော်မှာ မေလ ၁၄ ရက်အထိ  ၇၉ ဦးသာကျန်ရှိပြီး ဘူးသီးတောင်မြို့မှာတော့ အရင်က ၃၂၀ ကျော်ရှိရာက ယခုအခါ ၄၇ ဦးသာ ကျန်ရှိပါတယ်။

Facility Quarantine ၂၁ ရက်ပြည့်သူတွေအနေနဲ့ Home Quarantine ၇ ရက် ဆက်လက်နေထိုင်နေကြပါတယ်။

သတင်း- လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013