DVB Logo
Home
မြန်မာသတင်း
မြန်မာနယ်စပ် စစ်ရေးတင်းမာမှုကြောင့် မဲဆောက်ရှိ ထိုင်းစာသင်ကျောင်း ယာယီပိတ်ထားရ
DVB
·
June 23, 2026
Photo: Thai PBS
Photo: Thai PBS
Donate to DVB

မြန်မာ-ထိုင်းနယ်စပ်မှာ စစ်အာဏာရှင်တပ်တွေနဲ့ ကရင်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာမှုတွေကြောင့် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲက စာသင်ကျောင်းတကျောင်း ယာယီပိတ်လိုက်ရတဲ့အကြောင်း Thai PBS သတင်းမှာ ဇွန် ၂၂ ရက်က ဖော်ပြပါတယ်။

မဟာဝမ်တိုက်နယ် မဲ့ကိုကင်းကျောင်းရဲ့ ကျောင်းအုပ်ကြီး ထဝပ်ချိုင် ဆန်ပလန်းက မြန်မာစစ်အာဏာရှင်တပ်ဖွဲ့ဝင် အင်အား ၂၀၀ လောက်ဟာ မြဝတီမြို့နယ်အတွင်းက ဖာဆတ်စစ်ဆင်ရေး အခြေစိုက်စခန်းဆီ ရောက်ရှိလာတယ်ဆိုတဲ့ သတင်းတွေကို ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေ လက်ခံရရှိပြီးနောက် ကျောင်းကို တရက်တာ ယာယီပိတ်ထားမှာလို့ ကြေညာခဲ့တာပါ။

အဆိုပါ တပ်ဖွဲ့တွေဟာ မဟာဝမ်တိုက်နယ်၊ ကျေးရွာအမှတ် ၉ က ဘန်ဟွေ့မဟာဝန်းကျေးရွာရဲ့ တဖက်ခြမ်း၊ ဖလူးကျေးရွာဘက်က တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာလို့ ယူဆရကြောင်း ဆိုပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့အပတ်ကမှ စာသင်နှစ်ဝက်အသစ် စတင်ခဲ့တဲ့ အဆိုပါကျောင်းအနေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာပါက ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ လုံခြုံရေးကို ထိခိုက်နိုင်ခြေရှိတာကြောင့် အခုလို ပိတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ကျောင်းအုပ်ကြီးက ဆိုပါတယ်။

တကယ်လို့ အခြေအနေတွေ ပြန်လည်အဆင်ပြေသွားပါက စာသင်ခန်းတွေ ပုံမှန်ပြန်ဖွင့်သွားမှာဖြစ်ပြီး ပိတ်လိုက်ရတဲ့ ရက်အတွက် အစားထိုးသင်ခန်းစာ အစီအစဉ်တွေကို နောက်မှ ထပ်မံကြေညာသွားမယ်လို့ ကျောင်းက ပြောပါတယ်။

အခုလအစောပိုင်းကလည်း မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေကြောင့် ကျည်ဆန်တွေ လွင့်စဉ်လာပြီး ပြုပြင်မွမ်းမံနေတဲ့ ကျောင်းဆောင်တွေရဲ့ ပြတင်းပေါက်တွေကို ထိမှန်ခဲ့သလို ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် ကျောင်းဝင်းအတွင်း အရွယ်အစားစုံ လက်နက်ကြီး၊ လက်နက်ငယ် ကျည်ခွံတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဘေးကင်းတယ်လို့ သတ်မှတ်ထားတဲ့ ကျည်ခွံတွေကိုတော့ ကျောင်းသားငယ်တွေကို ဘေးအန္တရာယ်ကနေ ဘယ်လိုရှင်သန်ရမလဲဆိုတဲ့ အသက်ဘေး လုံခြုံရေး သင်ခန်းစာ သင်ကြားပေးဖို့အတွက် ကျောင်းက သိမ်းဆည်းထားပြီး တခြားအန္တရာယ်ရှိတဲ့ ပစ္စည်းတွေကိုတော့ တာဝန်ရှိသူတွေက လာရောက်ဖယ်ရှားပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

Source: Thai PBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013