DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း ၁၀ မြို့နယ်တွင် ရက်အကန့်အသတ်မရှိ Semi Lockdown ဆက်ချထား
DVB
·
May 14, 2020
ရန်ကုန်တိုင်း ၁၀ မြို့နယ်တွင် ရက်အကန့်အသတ်မရှိ Semi Lockdown ဆက်ချထား
Donate to DVB

ရန်ကုန်တိုင်းအတွင်း Semi Lockdown ချထားတဲ့ မြို့နယ် ၁၀ မြို့နယ်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားတာဖြစ်ပြီး ပြည်ထောင်စုအဆင့်က ညွှန်ကြားမှ ရုပ်သိမ်းခွင့်ရှိတယ်လို့  လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ 

ရန်ကုန်တိုင်းအတွင်းက တောင်ဥက္ကလာ၊ ပန်းဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်တွေကို ဧပြီလ ၁၈ ရက်နေ့ကစပြီး Semi Lockdown ချထားတာပါ။ မင်္ဂလာဒုံ၊ တာမွေ၊ ဗိုလ်တထောင်မြို့နယ်တွေကိုတော့ ဧပြီ ၂၅ ရက်နေ့ကစပြီး Semi Lockdown ချထားပါတယ်။ 

အဆိုပါမြို့နယ် ၁၀ မြို့နယ်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားတာ ဖြစ်ပြီး ပြည်ထောင်စုအဆင့်က ညွှန်ကြားချက်ထုတ်ပြန်မှ ရုပ်သိမ်းခွင့်ရှိတယ်လို့ ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး က ပြောပါတယ်။

အင်းစိန်မြို့နယ်မှာတော့ Semi Lockdown ချထားပေမယ့် လမ်းအလိုက် Lockdown ချထားတာတွေကိုတော့ သတ်မှတ်ကာလပြည့်ရင် ပြန်ဖွင့်ပေးနေပြီး စည်းကမ်းမလိုက်နာသူတွေကိုလည်း ဥပဒေအတိုင်း အရေးယူနေတယ်လို့ အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး က ပြောပါတယ်။

လောလောဆယ်မှာတော့ ရန်ကုန်တိုင်းအတွင်း မြို့နယ် ၄၄ မြို့မှာရှိတဲ့ ပြည်သူတွေ နေအိမ်အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ဖို့နဲ့ မတပ်ရင် အရေးယူဖို့ အပါအဝင် အချက် ၁၀ ချက်ကို လိုက်နာဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။

ရန်ကုန်တိုင်းအတွင်း ၄၅ မြို့နယ်ရှိတဲ့အထဲက ၁၀ မြို့နယ်အထိ Semi Lockdown ချထားပေမယ့် ရန်ကုန်တမြို့လုံးကို Lockdown ချဖို့ အစီအစဉ်မရှိသေးဘူးလို့ ရန်ကုန်တိုင်းအစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013