DVB Logo
Home
မြန်မာသတင်း
COVID-19 ကာကွယ်ရန် မကွေးတိုင်း ကျေးရွာများတွင် လက်ဆေးဘေစင်များ ပြုလုပ်ပေး
DVB
·
May 14, 2020
COVID-19 ကာကွယ်ရန် မကွေးတိုင်း ကျေးရွာများတွင် လက်ဆေးဘေစင်များ ပြုလုပ်ပေး
1 / 5
Donate to DVB

COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ဖို့အတွက် မကွေးတိုင်းအတွင်း ၁၄ မြို့နယ်ရှိ ကျေးရွာတွေမှာ အများသုံး လက်ဆေးဘေစင် ၂၄၂ ခု ပြုလုပ်ပေးထားတယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနေ သိရပါတယ်။

မကွေးတိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က "UNICEF အဖွဲ့နဲ့ ပူးပေါင်းပြီးတော့ မြို့နယ် ၉ မြို့နယ်က ကျေးရွာတွေမှာ အများသုံး လက်ဆေးဘေစင် ၁၈၂ ခုကို ကျပ်သိန်းပေါင်း ၂၉၀ ကျော် ကုန်ကျခံပြီး တပ်ဆင်ပေးခဲ့ တာပါ။ ဒါအပြင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ မြို့နယ် ၅ မြို့နယ်က ကျေးရွာတွေမှာ အများသုံးလက်ဆေးဘေစင် ၆၀ ကို ကျပ်သိန်း ၇၀ ကျော် အကုန်ကျခံပြု လုပ်ပေးထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကလည်း COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်အောင် မကြာခဏ လက်ဆေးဖို့ လမ်းညွှန်ထားပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

COVID-19 ရောဂါကာကွယ်ရေးမှာ ပြည်သူတွေအတွက် အထောက်အကူဖြစ်စေဖို့ ကျေးလက်ဒေသတွေမှာ အများသုံးလက်ဆေးဘေစင်တွေ တည်ဆောက်ပေးနေတာလည်း ဖြစ်ပါတယ်။ 

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013