DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံရှိ COVID-19 လူနာ ၁၈၁ ဦးအနက် ၇၉ ဦး ရောဂါပိုးကင်းစင် နေပြန်ကောင်းလာ
DVB
·
May 14, 2020
မြန်မာနိုင်ငံရှိ COVID-19 လူနာ ၁၈၁ ဦးအနက် ၇၉ ဦး ရောဂါပိုးကင်းစင် နေပြန်ကောင်းလာ
Donate to DVB

မြန်မာနိုင်ငံရှိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာတွေထဲက ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၇၉ ဦးရှိသွားပြီလို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မေ ၁၄ ရက်မနက် ထုတ်ပြန်ချက်အရ သိရပါတယ်။

နေပြန်ကောင်းလာသူတွေအထဲက ၆၆ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး သူတို့ကို သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်လက်ကန့်သတ် စောင့်ကြပ်ကြည့်ရှုနေတယ်လို့ သိရပါတယ်။

လတ်တလော ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွေမှာ  နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ လူနာအမှတ်- ၃၅ ၊ ၁၄၇ နဲ့ ၁၅၀ တို့  ၃ ဦး ထပ်တွေ့ရတယ်လို့ ဆိုပါတယ်။   

ဒီမနက် အစောပိုင်းမှာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဒုတိယနဲ့ တတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၂၈၆ ခု စစ်ဆေးပြီးစီးခဲ့ရာမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိဘူးလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ 

မနေ့ညကတော့ ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်  အမျိုးသမီးတဦ းတွေ့ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အလုံမြို့နယ်မှာ နေထိုင်တဲ့ အဆိုပါလူနာသစ် အမျိုးသမီးဟာ အသက် ၅၂ နှစ်အရွယ်ရှိပြီး လူနာအမှတ် ၁၇၉ နဲ့ ထိတွေ့မှု ရှိခဲ့လို့ အသွားအလာကန့်သတ် စောင့်ကြည့်ခံထားရသူ ဖြစ်ပါတယ်။

မေ ၁၃ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ  ပေါင်း ၁၈၁ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013