DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ဖာပွန်တွင် စစ်တပ်က ဝေဟင် မြေပြင်မှ တိုက်ခိုက်နေသဖြင့် ကျောင်း ၁၅ ကျောင်းပိတ်ထားရ 
အောင်ခန့်
·
June 23, 2026
Photo: DVB
Photo: DVB
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်မြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်စစ်ကြောင်းတွေ ရှေ့ဆက်တိုးနိုင်ဖို့ အနီးနားကကျေးရွာတွေကို ဝေဟင်နဲ့ မြေပြင်ကနေ တိုက်ခိုက်နေတာကြောင့် စာသင်ကျောင်း ၁၅ ကျောင်း ပိတ်ထားရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ပြောခွင့်ရ  ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူကျတဲ့ ဖာပွန်ဗျူဟာနဲ့ တပ်စခန်းတွေပြန်လည်ရရှိရေး လူအင်အား ၂,၀၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်စစ်ကြောင်းတွေဟာ ဖာပွန်မြို့နယ်၊ ကမမောင်း-ဖာပွန်သွားလမ်းပေါ်က  မိုင် ၄၀ နဲ့ ကတိုင်တိကြားကို  ရောက်ရှိနေပြီ ရှေ့ဆက်တိုးနိုင်ဖို့  ကြိုးစားနေတာကြောင့် KNLA ပူးပေါင်းတပ်တွေနဲ့ နေ့တိုင်းလိုလို တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ 

ဒါအပြင်  အနီးအနားကကျေးရွာတွေကို လေကြောင်းအပြင် လက်နက်ကြီး၊ ဒရုန်းတွေနဲ့  ပစ်ခတ်တိုက်ခိုက်နေပါတယ်။

ဒါကြောင့် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် နှစ်စမှာ တပ်မဟာ ၅ နယ်မြေအတွင်းက ဒွယ်လိုးမြို့နယ်က ကျောင်း ၉ ကျောင်းနဲ့ ဘူးသိုမြို့နယ်က ကျောင်း ၆ ကျောင်း ပိတ်ထားရပါတယ်။

ပဒိုစောထိုရော်ဘင်က “ကျောင်းမတက်ရတဲ့ ကလေးငယ်တွေလည်း အများကြီးပဲ။ ကျောင်းဆိုလိုရှိရင် ၁၅ ကျောင်းလုံး ကျောင်းမတက်ရဘဲ ထွက်ပြေးနေရတယ်။ အဲဒီကျောင်းတွေက ဒွယ်လိုးမြို့နယ်လည်း ပါတယ်။ ဘူးသိုမြို့နယ်မှာလည်း ပါတယ်။ ဒွယ်လိုမြို့နယ်က ကျောင်းတွေက များတယ်။ ကျောင်းသားဦးရေကတော့ အသေးစိတ်ကိစ္စရပ်ကျတော့ စာရင်းထဲမှာ ရှိတယ်။ ကျနော်ဆီမှာတော့ မယူထားဘူး။ ကျောင်းကတော့ အလယ်တန်းကျောင်းပါတယ်။ နောက်တော့ မူလတန်းကျောင်းလည်း ပါတယ်။ ဘူးသိုမြို့နယ်က ကျောင်း ၆ ကျောင်း။ ကျန်တဲ့ ဟာတွေကတော့ ဒွယ်လိုးမြို့နယ်က ကျောင်းတွေ”လို့ ပြောပါတယ်။

လက်ရှိမှာ ကျောင်းသား ကျောင်းသူတွေဟာ အခက်အခဲတွေကြားက ကမမောင်း၊ မြိုင်ကြီးငူနဲ့ နီးစပ်ရာ ကျောင်းတွေမှာ ကျောင်းတက်နေသူတွေရှိသလို့ ဘုန်းကြီးကျောင်းမှာသွားထားတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။  

ဒေသခံတယောက်က “ကျောင်းသားကျောင်းသူတွေ ကမမောင်းတို့ မြိုင်ကြီးငူဘက် ဆင်းလာတယ်။ အခက်အခဲကျတော့ တချို့ကျတော့လည်း တက်တယ်။ တချို့ကျတော့လည်း မတက်ဘူး။ နောက်ကျတော့။ တချို့ကျတော့ ဘုန်းကြီးကျောင်းမှာသွားထားတာ တွေ့တယ်။ ကျနော်တို့ ကိုးနဝင်း ဘုန်းကြီးကျောင်းလေ။ ဘုန်းကြီးကျောင်းမှာ သွားထားတယ်။ တချို့ကျတော့ အိမ်လိုက်ငှားနေပြီးတော့ အဲဒီကနေပြီး တက်ကျတာပေါ့။ အဲဒီလိုမျိုး။ ဒီမှာက စစ်ဘေးရှောင်အတွက် အဆောက်အဦတွေ ဆောက်ပေးတာ ရှိမှမရှိဘဲ။ ကျောင်းအပ်တော့ အပ်နေကျတာပဲ။ ကျောင်းအပ်လို့ ရမယ်ထင်တယ်လို့ သွားပြောကြည့်ပါလားလို့။ သူတို့က ကျောင်းချင်းတော့ မတူကျဘူးလေ။ သူတို့က ဒေသခံကျောင်းတွေဆိုတော့ ဘယ်လိုလုပ်ပေးလဲ မသိဘူး”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၆ ရက် ည ၁ နာရီလောက်က စစ်အာဏာရှင်စစ်ကြောင်းတွေ အထိနာခဲ့တာကြောင့် အနီးအနားက ကျောက်ကွင်း (လယ့်ကွယ်သို)ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၁၀၀ နီးပါး မီးလောင် ပျက်စီးခဲ့ပါတယ်။

ဒါအပြင် မေ ၂၁ ရက်က အိမ်ခြေ ၇၀ လောက်ရှိတဲ့  ဝါးသိုထကျေးရွာကို ဝင်ရောက်ပြီး  မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မေ ၅ ရက်နေ့ကစပြီး စစ်အာဏာရှင်တပ်တွေ စစ်ကြောင်းထိုးနေတဲ့အတွက် လက်ရှိမှာ စစ်ရှောင်ပြည်သူ ၂၀,၀၀၀ နီးပါးအထိရှိလာပြီလို့ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013