DVB Logo
Home
မြန်မာသတင်း
ရတနာပုံသီချင်းဖြင့် စောင်းအစွမ်းပြ တီးခတ်သီဆိုနိုင်သူ ပါရမီရှင် ကလေးငယ် ၂ ဦး(ရုပ်သံ)
DVB
·
May 13, 2020
ရတနာပုံသီချင်းဖြင့် စောင်းအစွမ်းပြ တီးခတ်သီဆိုနိုင်သူ ပါရမီရှင် ကလေးငယ် ၂ ဦး(ရုပ်သံ)
Donate to DVB

“ဇမ္ဗူလကျ်ာတောင်ကျွန်း… ဆုသွန်းမယ်အဖုံဖုံ… ဘေးဘယာအစုံ…  ဝေးကြအ ကုန်..... ဇမ္ဗူလကျ်ာတောင်ကျွန်း… ဆုသွန်းမယ်အဖုံဖုံ… ဘေးဘယာအစုံ… ဝေးကြအ ကုန်”

       ဒါကတော့ မြန်မာ့ ဂန္ထဝင်ဂီတပညာရှင် အလင်္ကာကျော်စွာ ရွှေပြည်အေးရဲ့ နာမည် ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “ရတနာပုံ”သီချင်းဖြစ်ပြီး မြန်မာပြည်သိန်းတန်အပါအဝင် အဆို တော်ပေါင်းများစွာက ပြန်လည်သီဆိုခဲ့ကြပြီး ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသယ် ဆောင်လာကြတဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။

       ဒီတခါမှာတော့ ဒီသီချင်းကို ကလေးအရွယ်နဲ့ မမျှအောင် အနုပညာအရည်အသွေး ပြနိုင်တဲ့ ညီအစ်မ ၂ ယောက်ရဲ့ စောင်းတီးခတ်သီဆိုဟန်နဲ့ ရှုစားနားဆင်ကြရမှာ ဖြစ်ပါ တယ်။

       မြန်မာ့စောင်းကောက်ဟာ သာမန်အခြေအနေမှာတောင် တီးနိုင်ဖို့ မလွယ်ကူတဲ့ အ ခြေအနေမှာ ဒီကလေးငယ် ၂ ယောက်ရဲ့ ဗီဇနဲ့ ပါရမီကို ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ရှုစားကြ ရမှာပါ။

       သမိုင်းအထောက်အထားတွေအရတော့ မြန်မာ့စောင်းဟာ ခရစ်နှစ် ၈၀၂ ခုနှစ် ပျူ ခေတ်ကတည်းက ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာ့ ရှေးဦးတူရိယာတွေ ဖြစ်ကြ တဲ့ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်စတဲ့ တူရိယာငါးပါးထဲမှာလည်း စောင်းဟာ တခု အပါအဝင်ဖြစ်ပြီး မြန်မာ့စောင်းကို ကြိုးတပ်တူရိယာတွေအနက် တူရိယာဘုရင်လို့ တင် စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ထီးနန်းအဆက်ဆက်သုံးစွဲခဲ့တဲ့ စောင်းကို ဂန္ဓဗ္ဗစောင်း၊ ဒါမှမ ဟုတ် ဇာတိစောင်းလို့ ခေါ်ပါတယ်။ ဒီစောင်းမှာ ကြိုး ၇ ကြိုးပါဝင်ပြီး နောက်ပိုင်းမှာ တော့ ကြိုး ၁၃ ကြိုးကနေ ၁၆ ကြိုးအထိ တီထွင်လာခဲ့ကြတာပါ။

“ရတနာပုံ သွန်းဖြိုး ရွှေမိုးတွေကဝေဖြာပုံ… သုံးမကုန် ဖြုန်းမကုန် အလုံးစုံရည် မှန်း… အလှူအတန်း ပေးလို့မကုန်… ရတနာပုံ သွန်းဖြိုး ရွှေမိုးတွေကဝေဖြာပုံ… သုံးမ ကုန် ဖြုန်းမကုန်… အလုံးစုံရည်မှန်း… အလှူအတန်း ပေးလို့မကုန်”

အစ်မဖြစ်သူက စောင်းကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ တီးခတ်ပြီး ညီမဖြစ်သူရဲ့ မပီတ ပီနဲ့ သီချင်းကြီးကို ပိုင်ပိုင်နိုင်နိုင် စည်းနဲ့ဝါးလိုက်ပြီး သီဆိုနေပုံက တကယ့်ကို ချီးကျုးချင် စရာ ကောင်းလှပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ဖခင်ဖြစ်သူရဲ့ Chantha Htun အမည်နဲ့ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်ပေါ်ကနေ “စောင်း တီးတမ်း ဆော့ကြသတဲ့ဗျာ”လို့ ရေးသားပြီး မျှဝေထားခဲ့တာ ပါ။

“ကျန်း ကျန်း ကျန်းမာစေအကုန်… ချမ်း ချမ်း ချမ်းမြစေအကုန်… ကျန်း ကျန်း ကျန်းမာစေအကုန်… ချမ်း ချမ်း ချမ်းမြစေအကုန်… ရတနာပုံ ရတနာပုံ ရတနာပုံ ရတနာပုံ… စည်းစိမ်တွေရစ်ဝိုင်းလို့ ရှစ်တိုင်းကခြုံ… ရတနာပုံ ရတနာပုံ ရတနာပုံ ရတ နာပုံ… ကျွန်းလကျ်ာပြည်တစ်ဝှမ်းသို့… ရည်ညွှန်းစို့ စည်ယွန်းလို့… ဆုတောင်းမင်္ဂလာ တင်ကာ ရတနာပုံ”

လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ရက်ပိုင်းအတွင်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင် ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ တသန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013