DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်မြို့နယ်တွင် မိုင်းပေါက်ကွဲ၍ သရက်သီးသွားခူးသည့် ကလေးငယ် ၂ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
DVB
·
May 13, 2020
ဘူးသီးတောင်မြို့နယ်တွင် မိုင်းပေါက်ကွဲ၍ သရက်သီးသွားခူးသည့် ကလေးငယ် ၂ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာကို သရက်သီးကောက်သွားတဲ့ ကလေးငယ် ၃ ဦး မေလ ၁၂ ရက် မနက် ၁၁ နာရီလောက်က မိုင်းနင်းမိ ပေါက်ကွဲကာ ကလေးငယ် ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိတယ်လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောပါတယ်။

"ကလေးတွေက သရက်ပြင်ကျေးရွာကနေ သရက်သီးသွားခူးကြတယ်လို့ သိရတယ်။ အဲဒီ မိုင်းပေါက်ပြီး မိန်းကလေးတဦးနဲ့ ယောကျ်ားလေးတဦး သေသွားတယ်လို့ သိရတယ်။ ကျန်မိန်းကလေး တဦးက ဒဏ်ရာရရှိခဲ့တယ်။ မိုင်းက ဘယ်သူထောင်တာလဲ ဘယ်သိပါမလဲ။ ကိုယ်ဟာကိုယ် လာကြည့်ပါ လို့သာ ပြောရတော့မယ်။ သရက်ပြင်ရွာမှာ အခု လူနေထိုင်တာ မရှိပါဘူး။ အခုကလေးတွေက ရှာကေရွာက ဖြစ်တယ်။"

မိုင်းပေါက်ကွဲမှုကြောင့် ရှာကေမွတ်ဆလင်ကျေးရွာနေ ၁၀ နှစ်အရွယ် ရန်ဟဲလ်နာ ဟာ မိုင်းပေါက်ကွဲရာနေရာမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပြီး အဒူလာမိန် (၁၅ နှစ်)ကတော့ ညာဘက်ခြေထောက်ပြတ်ဒဏ်ရာရရှိကာ ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းမှာ သေဆုံးသွားခဲ့ပါတယ်။

ဒဏ်ရာရရှိသူ ဖုံညိုလိပ်ကျေးရွာ ရပ်ကွက် ၁၀ မှာနေတဲ့ အသက် ၁၂ နှစ်အရွယ် ရှာကေခါဘေဘီရဲ့ ညာဘက်လက်မောင်းမှာ ဒဏ်ရာရရှိခဲ့ကြောင်း  ရှာကေကျေးရွာ တာဝန်ခံ ဖူလ်ဆီရာမောက်ကလည်း အတည်ပြုပြောပါတယ်။

သရက်ပြင်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး၂၀၁၉ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့က အေအေနဲ့ စိုင်းတင်တံတားပေါ်မှာ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် သရက်ပြင်ရွာသားတွေဟာ ရွာကထွက်ပြေးပြီး ဒီနေ့အထိ ဘူးသီးတောင်မြို့ပေါ် စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားနေတာ ၂ နှစ်ကျော်လောက် ကြာမြင့်လာနေပြီး  စစ်ကျန်လက်နက်တွေ ပေါက်ကွဲမှု၊ ထောင်ထားတဲ့မိုင်းတွေ ပေါက်ကွဲခဲ့တဲ့ အတွက် အရပ်သားထိခိုက် သေဆုံးတာတွေ ပိုမိုမြင့်တက်နေပါတယ်။

သတင်း- လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013