DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့တွင် Mask  တပ်ဆင်ရေး စည်းရုံးလှုပ်ရှားမှုပြုလုပ်
DVB
·
May 13, 2020
ရွှေဘိုမြို့တွင် Mask  တပ်ဆင်ရေး စည်းရုံးလှုပ်ရှားမှုပြုလုပ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ မေလ ၁၁ ရက်ကစပြီး  COVID-19 ရောဂါ ကာကွယ်နိုင်ရေးအတွက် အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ လွှတ်‌တော်ကိုယ်စားလှယ်၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်၊ လူမှုကူညီရေးအသင်း၊ we love shwebo အဖွဲ့၊ ကြက်ခြေနီ၊ အစရှိတဲ့ဌာနပေါင်းစုံ စုပေါင်းပြီး  Mask ကမ်ပိန်းပြုလုပ်ခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုမှာပါဝင်တဲ့  ဒေါက်တာမျိုးခိုင်က “COVID-19 စတင်ဖြစ်ပွားပြီး ဆိုကတည်းက အသိပညာပေးတာတွေ၊ အရေးယူတာတွေ လုပ်ဆောင်နေပေမယ့်လည်း အခုအခါမှာ ဈေးသည်တွေရော၊ ဈေးဝယ်တွေရော စည်းကမ်း လိုက်နာမှု အားနည်းနေတာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ မိမိအသိနဲ့ နှာခေါင်းစည်း Mask တပ်မယ်။ လက်ဆေးကြမယ်ဆိုရင် ရောဂါ ဖြစ်ပွားမှု လျှော့ချပြီးသား ဖြစ်ပါလိမ့်မယ်”လို့ ပြောပါတယ်။

ရွှေဘိုမြို့မှာ မေ ၁၁ ရက်က Mask အခုရေ ၃၀၀၀ ကျော်ကိုဝေငှပြီး အသိပညာပေးခဲ့တာ ဖြစ်ကာ မေလ ၁၂ ရက်နေ့မှာလည်း Mask အခုရေ ၄၀၀၀ ခန့်ဝေငှခဲ့ပါတယ်။

စည်ပင်သာယာဈေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်က “မြို့မဈေးကြီးနဲ့ အောင်ဇေယျဈေး၊ ကုန်းဘောင်ဈေးများနဲ့ ပျံကျဈေးတွေကို စနစ်တကျရောင်းဝယ်ကြဖို့ လက်ဆေးဘေစင်တွေထား ပေးတာ၊ မက်စ်တပ်ဖို့ဆော်ဩတာ၊ အသိပညာပေးတာတွေ ပြုလုပ်ပေးနေပေမယ့် လိုက်နာသူ ရှိသလို မလိုက်နာသူတွေကိုလည်း လက်ခံနိုင်အောင်စည်းရုံးမှုတွေလုပ်ပေးသွားမယ်”လို့ ပြောပါတယ်။

မေလ ၁၁ ရက် မနက်ပိုင်းမှာတော့ ရွှေဘိုမြို့ သံလမ်းကူး/ဦးအောင်ဇေယျ ကြေးရုပ်ရှေ့မှာ Mask တပ်ဆင်ရေးစည်းရုံးလှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး၊ မနေ့မနက်ပိုင်းမှာ စည်ပင်သာယာ မြို့မဈေးထိပ်ပြုလုပ်ခဲ့ကာ၊‌ မေလ ၁၃ မနက်ပိုင်းမှာတော့ လမ်းမတော် BOC အနီးမှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မြို့ခံဦးအောင်ကိုကိုက “ဒီရောဂါကို လူတွေက အကြောက်ကြီးကြောက်ကြပေမယ့် ကျန်းမာရေးဌာနကချမှတ်တဲ့ စည်းကမ်းတွေကို လိုက်နာမှုကတော့ နည်းပါတယ်။ လက်ကလေးဆေးမယ်၊ Mask လေး တပ်ကြမယ်ဆိုရင်ကို အများကြီး ကာကွယ်ရာရောက်တယ်”လို့ပြောပါတယ်။

Maskအခမဲ့ပေးဝေ အသိပညာပေးတဲ့အစီအစဉ်တွေပြီးဆုံးပြီးနောက် မေလ ၁၄ ရက်မှစတင်ကာ မေ ၃၀ ရက်အထိ နှာခေါင်းစည်းတပ်တာကို ကြပ်မတ်ဆောင်ရွက်တဲ့အနေနဲ့ နှာခေါင်းစည်း မတပ်ဆင်လာပါက ၂ ခုကို ကျပ် ၅၀၀၀ နှုန်းနဲ့ ဝယ်ယူကြရမှာဖြစ်ပြီး ရရှိလာတဲ့ ဒဏ်ငွေတွေကို နေ့ရက်အလိုက် စာရင်းပြုစုကာ ရွှေဘိုမြို့နယ် COVID-19 ကာကွယ်ကုသရေးလုပ်ငန်းမှာ  ထည့်သွင်းအသုံးပြုမယ်လို့  သိရပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၃ ရက် ကစတင်ပြီး COVID-19 အတည်ပြုလူနာ တွေ့ရှိခဲ့တာ ၂ လခန့်ကြာမြင့်ပြီ ဖြစ်ပြီး ဒီကနေ့အထိ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာပေါင်း ၁၈၀ နဲ့ သေဆုံးသူ ၆ ဦးရှိပါတယ်။

သတင်း- အောင်စံလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013