DVB Logo
Home
မြန်မာသတင်း
၂ ပတ်စာ အရေးပေါ်ရိက္ခာ တိုင်းနှင့်ပြည်နယ်အသီးသီးကို ဖြန့်ဝေသွားရန် ဆောင်ရွက်နေ
DVB
·
May 13, 2020
၂ ပတ်စာ အရေးပေါ်ရိက္ခာ တိုင်းနှင့်ပြည်နယ်အသီးသီးကို ဖြန့်ဝေသွားရန် ဆောင်ရွက်နေ
Donate to DVB

COVID-19 ကပ်ဘေးကာလ အကြပ်အတည်းဖြစ်ချိန်မှာ အစိုးရက အသုံးပြုဖို့ဝယ်ယူထားတဲ့ ၂ ပတ်စာ အရေးပေါ်ရိက္ခာတွေကို တိုင်းနဲ့ ပြည်နယ်အသီးသီးကို ဖြန့်ဝေသွားဖို့ လျာထား ဆောင်ရွက်နေပြီလို့ သိရပါတယ်။ 

မေလ ၁၂ ရက်နေ့က Video Conferencing စနစ်နဲ့ ပြုလုပ်တဲ့  ညှိနှိုင်းဆွေးနွေးပွဲမှာ  စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က   ပြောကြားခဲ့တာပါ။ 

အစိုးရက တစ်နိုင်ငံလုံးကို လိုအပ်တဲ့အချိန်မှာ  ဖြန့်ချိပေးနိုင်ဖို့အတွက်  ၂ ပတ်စာ အရေးပေါ် ရိက္ခာဆန် တန်ချိန် ၅၀၀၀၀ နဲ့ စားအုန်းဆီတန်ချိန် ၁၂၀၀၀ တို့ကို လိုအပ်တဲ့အချိန်မှာ ဖြန့်ချိနိုင်ဖို့  ဝယ်ယူဖို့ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးမှာ ပြောပါတယ်။

အရံဆန် ဝယ်ယူရာမှာ ဈေးကွက်တည်ငြိမ်စေဖို့အတွက်  ပြည်ပဆန် တင်ပို့မှုပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကို ပြည်ပတင်ပို့တဲ့ ကုမ္ပဏီတွေဆီကနေ ဝယ်ယူခဲ့ပြီးတော့ အရန်စားသုံးဆီကိုတော့ ဈေးနှုန်းသင့်တော်တဲ့ စားအုန်းဆီကို ပြည်ပကနေ တင်သွင်းဝယ်ယူခဲ့တာပါ။

ပြည်တွင်းမှာ စားအုန်းဆီ သိုလှောင်ဖို့ ဆီသိုလှောင်ကန်လုံလောက်မှု မရှိတာကြောင့်  Jerry Can ပုံးတွေနဲ့ သိုလှောင်ထားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- U Than Myint 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013