DVB Logo
Home
မြန်မာသတင်း
လွယ်ဂျယ်နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံက ပြန်ဝင်လာသူ ၇၀၀၀ နီးပါးရှိ
DVB
·
May 12, 2020
လွယ်ဂျယ်နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံက ပြန်ဝင်လာသူ ၇၀၀၀ နီးပါးရှိ
Donate to DVB

ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ်ဂိတ်ကနေ တဆင့်  တရုတ်နိုင်ငံက ပြန်ဝင်လာသူစု စုပေါင်း မေလ ၁၁ ရက်အထိ အယောက် ၇၀၀၀ နီးပါးရှိနေပြီလို့ ဗန်းမော်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းက ပြောပါတယ်။

ဒီထဲက အယောက် ၄၅၀၀ လောက်ဟာ ကချင်ပြည်နယ်ကဖြစ်ပြီး ကျန်တဲ့သူတွေက ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က ဖြစ်ပါတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးကို ပြန်မယ့်သူတွေကို ကားနဲ့ သင်္ဘောတွေနဲ့ ဧပြီလ ၁၉ ရက်နေ့က စတင်ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဗန်းမော်ခရိုင်အတွင်းမှာ လွယ်ဂျယ်နယ်စပ်ဂိတ်က ပြန်ဝင်လာသူ အယောက် ၁၂၀၀ လောက်ကို အသွားအလာကန့်သတ် quarantine ဆောင်ရွက်ထားပြီး အယောက် ၁၀၀ ကျော်လောက်က ဓါတ်ခွဲနမူနာ စစ်ဆေးပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

လွယ်ဂျယ်နယ်စပ်ဂိတ်ကနေ ဝင်ရောက်လာသူတိုင်းကို  quarantine  ၂၁ ရက်ထားပြီးရင် နေအိမ် မှာ (၇) ရက် quarabtine  ဆက်လက်ထားရှိတယ်လို့လည်း ဆိုပါတယ်။

လွယ်ဂျယ်နယ်စပ်ဂိတ်ကနေ မြန်မာနိုင်ငံထဲ ပြန်ဝင်ဖို့ ဧပြီလ ၁၆ ရက်နေ့ကစတင် လက်ခံခဲ့ဖြစ်ပြီး မေလ ၁၂ ရက်နေ့အထိ ဝင်ရောက်လာသူတွေ ရှိနေသေးတယ်လို့ ဗန်းမော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက ပြောပါတယ်။

မြန်မာ-တရုတ်နယ်စပ်  မူဆယ်နန်းတော်ဂိတ်ကနေလည်း  မေလဆန်းပိုင်းကစပြီး  တနေ့ကို အနည်းဆုံး လူ ၅၀၀လောက် နေ့စဉ် ဝင်ရောက်နေပါတယ်။ 

မေလ ၆ ရက်နဲ့ ၇ ရက်နေ့ကလည်း တရုတ်နိုင်ငံ အကျဉ်းထောင်အသီးသီး မြန်မာနိုင်ငံတွင်း ပြန်ဝင်ရောက်လာသူ ၃၁၄ ဦး ရှိနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013