DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်၌ Quarantine စင်တာ အမျိုးသမီးအခန်းထဲ ဝင်ရောက်ရန် ကြိုးပမ်းသူကို ထောင် ၆ လ ချ
DVB
·
May 12, 2020
မြိုင်မြို့နယ်၌ Quarantine စင်တာ အမျိုးသမီးအခန်းထဲ ဝင်ရောက်ရန် ကြိုးပမ်းသူကို ထောင် ၆ လ ချ
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အမက(ကံကြီး)ကျောင်း  Quarantine စင်တာရှိ  အမျိုးသမီး ၁ ဦးနဲ့ သူ့ရဲ့အဖော် သမီးဖြစ်သူတို့နေတဲ့အခန်းကို ကျူးကျော်ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တဲ့ အမျိုးသားတဦးကို မြိုင်မြို့နယ် တရားရုံးက မေလ ၁၁ ရက်နေ့မှာ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဥပဒေနဲ့  ထောင်ဒဏ် ၆ လချမှတ်လိုက်ပါတယ်။

ကာယကံရှင် အမျိုးသမီးက “ကျမတို့က ပုဂံကနေ မေ ၁ ရက်က ပြန်လာတာ။ ပြန်ရောက်တော့ ရွာက သတ်မှတ်ထားတဲ့အတိုင်း Quarantineကျောင်းထဲမှာ နေခဲ့တာ။ ကျန်တဲ့ရက်ကတော့ ဘာမှမဖြစ်ဘူး။ မေလ ၆ ရက် ည ၁၀ လောက်မှာ အိမ်မပျော်ခင် ပိတ်ထားတဲ့ ပြတင်းပေါက်ကို လာဆွဲတဲ့အသံကြားလို့ ထကြည့်တော့ ညစောင့် တာဝန်ကျတဲ့ ဆယ်အိမ်မှူးက ဘာလဲမေးတော့ မဖြေဘူး။ အဲဒါနဲ့ အပေါက်ပြန်ပိတ်ထားလိုက်တာ။ တာဝန်ကျနှစ်ယောက်ထဲက တစ်ယောက်ကိုလည်းဖုန်းနဲ့ လှမ်းပြောထားလိုက်တယ်။ ည ၁၁ နာရီလောက်တော့ ရှိသမျှ ပြတင်းပေါက်တွေကို အားနဲ့ ဆွဲလှပ်နေတာ။ ရပ်ကွက်ဥက္ကဋ္ဌကို  တခြားဆယ်အိမ်မှူးကတဆင့် လှမ်းခေါ်လို့ အချိန်နဲ့တပြေးညီရောက်လာတော့ သူကမြင်ပြီး ထွက်ပြေးသွားတာ”လို့ ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က “ ရွာမှာ ညကိုနှစ်ယောက်စီ တာဝန်ချတာ။ အဲဒါကို တစ်ယောက်က အဲဒီအမျိုးသမီးဆီသွားတော့ အမျိုးသမီးက ကျေးရွာက ကိုဗစ်ကော်မတီကို အကြောင်းကြားတော့ လိုက်သွားကြချိန်မှာ ထွက်ပြေးသွားတယ်။ အဲဒါနဲ့ ဒီလို Quarantine လုပ်တဲ့နေရာကို ဒီလိုလုပ်တော့ ရပ်ရွာအခြေပြု  COVID- 19 ရောဂါ ထိန်းချုပ်၊ ကာကွယ် စောင့်ကြည့်ရေးကော်မတီက တရားစွဲတော့ ပြစ်မှုထင်ရှားတဲ့အတွက် ထောင် ၆ လ အမိန့် ချလိုက်တယ်” လို့ပြောပါတယ်။

မြိုင်မြို့နယ် တရားရုံးက မေလ ၁၁ ရက်နေ့မှာ ရုံးတင်တရားစွဲဆိုခဲ့တာကြောင့် ကျူးကျော်သူ နိုင်လင်း အသက်(၄၁)ကို ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၆ လ အမိန့်ချခဲ့ကြောင်းသိရပါတယ်။

မြိုင်မြို့နယ်မှာ မေ ၅ ရက်ကလည်း မိုးမောက်မြို့ လွယ်ဂျယ် Quarantine စခန်းကနေ ရက်မပြည့်ဘဲ ထွက်ပြေးလာသူ တဦးကိုလည်း  အဆိုပါ ဥပဒေနဲ့  ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ ပါတယ်။

ကိုလင်း (ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013