DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်စည်ပင်ဥက္ကဋ္ဌအပါအဝင် ၃ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်
DVB
·
May 11, 2020
တောင်ကုတ်စည်ပင်ဥက္ကဋ္ဌအပါအဝင် ၃ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်
Donate to DVB

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌအပါအဝင် ၃ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

စည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်၊ ဥက္ကဋ္ဌဟောင်း ဦးစန်းငွေနဲ့ ANP ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးဝေသောင်းတို့ကို ပြည်မြို့နယ် သတင်းရဲတပ်ဖွဲ့(SB)က ဖမ်းဆီးစစ်ဆေးခဲ့ပြီး မေလ ၁၁ ရက် မနက်က တောင်ကုတ်မြို့နယ်တရားရုံးမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ (၅၀) နဲ့ အမှုဖွင့်လှစ်ကာ ချုပ်ရမန်လာယူခဲ့တယ်လို့ ဦးဇေယျကျော်ရဲ့ အကျိုးဆောင်ရှေ့နေ ဒေါ်သီဂီမောင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့ကြားသိရတာကတော့ ကိုဇေယျကျော်ကို ၉ ရက်နေ့ ညနေ ၃ နာရီကျော်လောက် မှာ ဖမ်းသွားပြီးတော့ တောင်ကုတ်ရဲစခန်းမှာ ထားတယ်လို့ သိရတယ်။ သူ့ကို နောက်နေ့ ညနေမှာသွားတွေ့တော့ ပြည်မြို့ကသတင်းတပ်ဖွဲ့ကစစ်ဆေးနေလို့ ဆိုပြီးတော့ တွေ့ခွင့်မရခဲ့ဘူး။ အဲဒါဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာ ကိုဇေယျကျော်ရယ်၊ ဦးစန်းငွေရယ်၊ ဦးဝေသောင်းတို့ ချုပ်ရမန်တောင်းခံသွားတာပေါ့။ ကျမသိသလောက်ကတော့ ဦးစန်းငွေကိုမနေ့က ညနေ ၆ နာရီကျော်လောက်မှာ ဆံပင်ညှပ်ဆိုင်ကနေပြီးတော့ ဖုန်းခဏသိမ်းစရာရှိလို့ ခဏလိုက်ခဲ့ပါဆို ပြီးတော့ ခေါ်သွားတယ်လို့ သိရတယ်။ ဦးဝေသောင်းကကျတော့ ဒီနေ့ မနက် ၉ နာရီကျော်လောက် ကျတော့မှ ဖမ်းသွားတယ်လို့ သိရတယ်။ အခု သူတို့ ၃ ဦးစလုံးကို အကြမ်းဖက်ဥပဒေ ပုဒ်မ-(၅၀)ကနဲ့ပဲ အတူတူယူလိုက်တာပါ။”

ဦးဇေယျကျော် အဖမ်းခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ တောင်ကုတ်မြို့မ ရဲစခန်းမှူး ဒုရဲမှူး လှတင့်ကို မနေ့က ဆက်သွယ်မေးမြန်းရာမှာတော့ သတင်းရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေတာလို့ ပြောပါတယ်။

တောင်ကုတ်မြို့မရဲစန်းမှူး ဒုရဲမှူးလှတင့်က “ဖမ်းတာ မဟုတ်ပါဘူး။ ပြောလို့တော့ မရသေးဘူး။ နည်းနည်း စောသေးတယ်၊ ကျနော်တို့နဲ့လည်း သိပ်မဆိုင်ဘူးဖြစ်နေတယ်၊ သူတို့ကို(SB) ကစစ်တာပါ” လို့ ပြောပါတယ်။

အဆိုပါ ဦးဇေယျကျော်ပါ ၃ ဦးကို ယနေ့ရမာန်ယူပြီးနောက် တောင်ကုတ်မြို့နယ်ကနေ ရန်ကုန်မြို့ကို ခေါ်ဆောင်သွားကြောင်း သိရတယ်လို့ ဦးဇေယျကျော်ရဲ့ အကျိုးဆောင်ရှေ့နယ် ဒေါ်င်္သိဂီမောင်က ပြောပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင့်တပ်တော်(အေအေ)တို့ တိုက်ပွဲတွေ ဖြစ်ပွားလာပြီးနောက် အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူမှုပရဟိတအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေမှာ လုပ်ကိုင်နေကြသူတွေဟာ မကြာခဏ သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံရတာ တဖြည်းဖြည်း တိုးလာနေပါတယ်။

နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013