DVB Logo
Home
မြန်မာသတင်း
ဟင်္သာတမြို့ရှိ ဆွမ်းဆန်အခက်အခဲ ကြုံနေသည့် သီလရှင်ကျောင်းများကို ဆန်လှူဒါန်း
DVB
·
May 10, 2020
ဟင်္သာတမြို့ရှိ ဆွမ်းဆန်အခက်အခဲ ကြုံနေသည့် သီလရှင်ကျောင်းများကို ဆန်လှူဒါန်း
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ပေါ်ရှိ ဆွမ်းဆန်အခက်အခဲရှိနေတဲ့ သီလရှင်ကျောင်းတွေကို ဟင်္သာတ COVID-19 ကာကွယ်ကူညီရေးပရိတအဖွဲ့ကနေ စုပေါင်းဆန်လှူဒါန်းပေးနေပါတယ်။

ဟင်္သာတမြို့ပေါ်မှာ သီလရှင်ကျောင်းပေါင်း ၂၆ ကျောင်းရှိပြီး ဆွမ်းဆန်ခက်ခဲတဲ့ ကျောင်း ၂၀ ကျော်ကို ရွေးချယ်လှူဒါန်းတာလို့ ဟင်္သာတ COVID-19 ကာကွယ်ကူညီရေး ပရဟိတ ဦးဆောင်သူ ဦးကြက်က ပြောပါတယ်။

ဟင်္သာတမြို့ပေါ်မှာ ကျနော်တို့ COVID-19 ကာကွယ်ကူညီရေး ပရဟိတ ဟင်္သာတအဖွဲ့က သူတို့ရဲ့ အသိမိတ်ဆွေတွေနဲ့ သူငယ်ချင်းတွေကို လိုက်လံအလှူခံပြီး ရလာတဲ့ လှူဘွယ်ပစ္စည်းတို့ကို ခွဲဝေပြီး ဟင်္သာတမြို့ပေါ်ရှိ သီလရှင် စာသင်တိုက်များထဲမှ ခုလိုကိုဗစ်ကာလမှာ အလှူခံမထွက်ရတဲ့အပေါ်မှာ လိုအပ်ချက်တွေရှိနေတဲ့ သီလရှင်စာသင်တိုက်တချို့ကို လိုက်လံလှူပေးနေတာ ဖြစ်ပါတယ်။ နောက်နေ့တွေမှာလည်း လိုအပ်တဲ့ စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ နေအိမ်တွေကို တတ်နိုင်တဲ့ဘက်က လှူဒါန်းပေးသွားမယ်” လို့ ပြောပါတယ်။

ဟင်္သာတ COVID-19 ကာကွယ်ကူညီရေး ပရိတအဖွဲ့ဟာ မြို့ပေါ်လူငယ်တွေနဲ့ စေတနာရှင်တွေ စုပေါင်းဖွဲ့စည်းထားပြီး ကာကွယ်ဆေးဖျန်းတာ၊ Mask ဝေတာ၊ ဆန်ဝေတာ စတဲ့ COVID-19 ပညာပေးတာတွေကို လုပ်ဆောင်ပေးနေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013