DVB Logo
Home
မြန်မာသတင်း
ပုသိမ်အထည်ချုပ်စက်ရုံများ COVID-19 ညွှန်ကြားချက် တိတိကျကျလိုက်နာရန် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ပြော
DVB
·
May 8, 2020
ပုသိမ်အထည်ချုပ်စက်ရုံများ COVID-19 ညွှန်ကြားချက် တိတိကျကျလိုက်နာရန် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ပြော
Donate to DVB

ဧရာဝတီတိုင်းအတွင်း ပြန်ဖွင့်နေတဲ့ ပုသိမ်စက်မှုဇုန်ရှိ စက်ရုံတွေအနေနဲ့ COVID-19 နဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနရဲ့ အကြံပြုညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဖို့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးက တိုက်တွန်းပြောပါတယ်။

မေ ၇ ရက်က ဧရာဝတီတိုင်းဒေသကြီးအစိုးရရုံးမှာ စက်ရုံတွေအတွက် ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပြီးနောက် ဝန်ကြီးက သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။

တိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းက“တချို့တွေ Mask တပ်မထားတာတွေ့တယ်၊ တော်တော်နည်းပါတယ်၊ ၈၀ ရာနှုန်းလောက်က တပ်ပါတယ်။ တဦးစ နှစ်ဦးစ Mask မတပ်တာတွေ့တယ်။ နောက်တခုက လူစုလူဝေးဖြစ်တာတွေ တွေ့တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စက်ရုံ ကြိုပို့ယာဉ်တွေမှာ ညွှန်ကြားထားတာတွေကို လိုက်နာမှု မရှိသေးဘူးလို့ ဝန်ကြီးက ဆိုပါတယ်။

“၁၀ ယောက်ပဲ စီးရမယ် သတ်မှတ်ထားတဲ့ကားပေါ်မှာ ၁၀ ယောက်ပဲစီးရမယ် ညွန်ကြားထားတာရှိတယ်၊ အခု အထိတော့ တိတိကျကျလိုက်နာတာ မရှိသေးဘူး။ အရင်လောက်တော့ မဆိုးဘူး။ ၁၀ ယောက်ပဲ ရှိရမယ့် ကားပေါ်မှာ ၁၅ ယောက်လောက်ရှိတယ် ဒါတော့လက်မခံဘူး။ တွေ့ရမြင်ရတဲ့အထဲမှာ ၈၀ ရာနှုန်းလောက်က ကျေနပ်စရာရှိတယ်။ စက်ရုံအတွင်းထဲမှာကော၊ အဝမှာကော၊ လမ်းပေါ်တွေမှာကော။” 

၃၊ ၄ ရက်လောက် လိုက်နာပြီး ၆ ပေကိစ္စနဲ့ ဖယ်ရီကိစ္စတွေ သဘောတူထားတာကို ဖောက်ဖျက်ပါက အရေးယူသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဒေါက်တာစိုးဝင်းက ပြောပါတယ်။

ပုသိမ်မြို့မှာ စက်ရုံ ၁၀ ရုံ မေ ၅ ရက်နေ့က လည်ပတ်ခွင့်ပြုထားပြီး အထည်ချုပ်စက်ရုံ ၈ ရုံ၊ ရေသန့်စက်ရုံ ၁ ရုံနဲ့ ယုဇနအအေးခန်းတို့ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013