ကိုယ်အပူချိန်မြင့်တက်ပြီး လဲကျနေသည့် အိမ်ခြေယာမဲ့တဦးကို ဆေးရုံပို့ (ဓာတ်ပုံ)
DVB
·
May 7, 2020

1 / 5
မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ပုဇွန်တောင်ဘူတာမှာ မေ ၇ ရက်နေ့ မနက်ပိုင်းက အိမ်ခြေယာမဲ့တဦး ကိုယ်အပူချိန်မြင့်တက်ပြီး လဲကျနေတာကြောင့် ရှင်သန်ရေးကူညီမှုအသင်းက လူနာတင်ယာဉ်နဲ့ လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ပုဇွန်တောင်ဘူတာရုံမှာ မနက် ၉ နာရီလောက်က လဲကျနေပြီး ခန္ဓာကိုယ်အောက်ပိုင်းမှာလည်း ကျင်ကြီး ကျင်ငယ်တွေ ပေကျံနေသည့် ရှင်သန်ရေးကူညီမှုအသင်းမှ သန့်စင်ပေးပြီး လူနာတင်ယာဉ်နဲ့ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Photo - Ko Ye / MPA










