Home
သတင်းဓာတ်ပုံ
မိုးညှင်းတွင် လေပြင်းကြောင့် ဓာတ်တိုင်နှင့်သစ်ပင်များ ကျိုးကျ (ဓာတ်ပုံ) 
DVB
·
May 7, 2020
96713368_651720885672596_830100582839615488_n
95881422_651720959005922_727996071908737024_n
95397198_651720799005938_5303582769954160640_n
95343598_651720825672602_7047636033852145664_n
95291629_651720995672585_4037702981217419264_n
95397198_651720799005938_5303582769954160640_n
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဘီလူးမြို့ကျေးရွာမှာ မေလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က လေပြင်းကြောင့် မဟာရွှေဘုံသာ စေတီတော်မြတ် ဘုရားကြီးရဲ့ အရှေ့ဘက်မုခ် အဝင်နှစ် ၇၀ သက်တမ်းရှိ ထနောင်းပင်နဲ့ လျှပ်စစ်ဓာတ်အားတိုင် ၃ တိုင် ကျိုးကျ ပျက်စီး ခဲ့ပါတယ်။ “11 KV ဓာတ်အားလိုင် ၃ တိုင် ကျိုးတယ်။ သစ်ပင်တပင်လဲသေးတယ်။ ခု ချက်ချင်း ပြင်နေပါတယ်” လို့ မိုးညှင်းမြို့နယ် လျှပ်စစ်ရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီထနောင်းပင်ဟာ ဒီဒေသမှာ တပင်တည်းရှိပြီး နှစ် ၇၀ သက်တမ်းရှိတယ်လို့ ဘီလူးအရှေ့ကျောင်းဆရာတော်က  မိန့်ပါတယ်။ ထနောင်းပင်လဲပြီး လမ်းပိတ်ဆို့မှု ဖြစ်ခဲ့တဲ့အတွက် ကျေးရွာသား ၁၀၀ လောက် ဝိုင်းဝန်းရှင်းလင်းခဲ့ပြီး ဓာတ်အားလိုင်းတိုင်တွေကိုလည်း ပြန်လည်ပြုပြင်နေပြီး အမြန်ဆုံးဓာတ်အားလွှတ်ပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ခင်သန်းညွန့် 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024