
ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်း ၂၂ ရာခိုင်နှုန်း မြင့်လာတယ်လို့ ကမ္ဘာ့ဘဏ်က ဖော်ပြပါတယ်။
အရှေ့တောင်အာရှမှာလည်း အင်ဒိုနီးရှားနိုင်ငံမှာ ဆန်ဈေးနှုန်း စံချိန်တင်မြင့်တက်ပြီး စားသောက်ကုန် ဈေးနှုန်းတွေ တက်နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
အယ်လ်နီညို ရာသီဥတုကြောင့် မြစ်ရေတွေ လျော့ပါးလာပြီး ဆီအုန်းစိုက်ပျိုးရေး လုပ်ငန်းရှင်တွေလည်း အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းတွေ တက်မှာဖြစ်ပြီး ၂၀၂၇ ခုနှစ်အထိ အခုလို ဈေးကြီးမှုတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
စစ်ပွဲနဲ့ဆက်စပ်ပြီး သင်္ဘောလမ်းကြောင်းတွေ ထိခိုက်လာသလို အယ်လ်နီညို ရာသီဥတုကြောင့် ဝင်ငွေနည်းပါးတဲ့သူတွေအတွက် ပိုပြီး ခက်ခဲလာမယ်လို့ ဆိုပါတယ်။
ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနည်းပါးတဲ့ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနဲ့ အာရှနိုင်ငံတွေက စားနပ်ရိက္ခာဈေးနှုန်း ကြီးမြင့်မှုကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁၄ ရာခိုင်နှုန်း စားသောကုန်ဈေးနှုန်းတွေ တက်လာတာလို့ ကမ္ဘာ့ဘဏ်က ဖော်ပြပါတယ်။
နိုင်ငံပေါင်း ၁၅၀ ကို လေ့လာချက်တွေအရ စားနပ်ရိက္ခာဈေးနှုန်း ၂၂ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့လည်း ဖော်ပြပါတယ်။
ပင်လယ်နက်မှာ တိုက်ခိုက်မှုတွေ ရှိနေတာကလည်း ဂျုံတင်သင်္ဘောတွေအတွက် အနှောင့်အယှက် ဖြစ်စေပြီး အဓိက သွင်းကုန်လုပ်နေတဲ့ အီဂျစ်၊ အင်ဒိုနီးရှားနိုင်ငံတို့ကို ထိခိုက်စေပါတယ်။
အီရန်ကို စစ်ပွဲဆင်နွှဲနေတဲ့ အမေရိကန်၊ အစ္စရေးတို့ကြောင့်လည်း လောင်စာဈေးတွေ မြင့်တက်နေသလို ဟော်မုဇ်ရေလက်ကြားကို ဖြတ်တဲ့ ဓာတ်မြေဩဇာ တင်ပို့မှုတွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။
ဒါ့အပြင် အယ်လ်နီညို ရာသီဥတုကြောင့် စိုက်ပျိုးရေးကုန်ကျစရိတ် ပိုများပြီး အိန္ဒိယနဲ့ အရှေ့တောင်အာရှရဲ့ ထွက်ကုန်နှုန်းထား လျော့ကျဖွယ် ရှိပါတယ်။
Source: Reuters











