Home
မြန်မာသတင်း
ကမ္ဘာ့ဘဏ်ထောက်ပံ့ငွေကျပ် ၂၄ ဘီလီယံကျော်ကို စီမံကိန်းများတွင်သုံးစွဲရန် မကွေးတိုင်းလွှတ်တော် အတည်ပြု
DVB
·
May 6, 2020
95362032_2316191758682272_222475126929620992_o
ကမ္ဘာ့ဘဏ်ရဲ့ ထောက်ပံ့ငွေ ကျပ် ၂၄ ဘီလီယံကျော်ကို အုပ်ချုပ်ရေးနဲ့၊ စိုက်ပျိုးရေး စီမံကိန်းတွေမှာ အသုံးပြုဖို့ မေလ ၅ ရက်နေ့က ကျင်းပတဲ့  မကွေးတိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ အုပ်ချုပ်ရေးအခြေခံအဆောက်အဦ ဆောက်လုပ်ခြင်း၊ အုပ်ချုပ်ရေးမှာ ခေတ်မီနည်းပညာနဲ့ ပစ္စည်းတွေ သုံးစွဲတဲ့လုပ်ငန်းအတွက် ငွေကျပ်သန်း ၅၃၀၀ ကျော် အသုံးပြုကာ ရေပေးမြောင်းတွေ အဆင့်မြှင့်တင်တဲ့လုပ်ငန်း (တူးမြောင်း မြေကြီးလုပ်ငန်း၊ ကွန်ကရစ်လိုင်နင်စီခြင်း၊ ရေပေး အဆောက်အဦများ ပြုပြင်တည်ဆောက်ခြင်း)အတွက် ကျပ်သန်း ၁၃၀၀၀ ကျော် သုံးစွဲမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေး မျိုးသန့်ခြံ တည်ဆောက်ခြင်း၊ နှမ်းဧက  ၅၀၀၀ ကို GAP စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်တာတွေအတွက် ငွေကျပ်သန်း ပေါင်း ၄၂၀၀ ကျော်၊ စီမံ အုပ်ချုပ်ရေး၊ သတင်း အချက်အလက်ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ စီးပွားရေး လုပ်ငန်းတွေကို (ICT ဖြင့် ပံ့ပိုးရန်)အတွက် ကျပ်သန်း ၁၀၀၀ အသုံးပြုမှာဖြစ်တယ်။ တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ တိုင်းစိုက်ပျိုးရေးဦးစီးဌာနနဲ့ e-Government အကြံပေးပညာရှင်တို့ရဲ့ အဆိုပြုချက်အရတိုင်းအတွင်း ဆောင်ရွက်ဖို့လိုအပ်တဲ့ စီမံကိန်းတွေကို ကမ္ဘာ့ဘဏ်ထောက်ပံ့ငွေ ၂၄ ဘီလီယံနဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မကွေးတိုင်း၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံကနေ သိရပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024