DVB Logo
Home
မြန်မာသတင်း
မအူပင်ကားကြီးကွင်းအတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ကျော် ဖမ်းမိ
DVB
·
May 6, 2020
မအူပင်ကားကြီးကွင်းအတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ကျော် ဖမ်းမိ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အမှတ် ၉ ရပ်ကွက် ကားကြီးကွင်းအတွင်းရှိ ဆိုင် ၁ ဆိုင်ကနေ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ကျော်ကို မေ ၄ ရက် ညပိုင်းက ဖမ်းမိခဲ့တယ်လို့ နယ်မြေခံ ရဲတပ်ဖွဲ့က သိရပါတယ်။

မူးယစ်ဆေးဝါး ရောင်းချနေတယ်လို့ သတင်းအရ ခရိုင်မူးယစ်တပ်ဖွဲ့ နယ်မြေခံရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းရရှိတဲ့ ကားကြီးကွင်းအတွင်းက ဆိုင်ခန်းကို ဝင်ရောက်ရှာဖွေရာမှ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

မအူပင်မြို့နယ်ရဲတပ်ဖွဲ့က ရဲအရာရှိတဦးက “သတင်းရလို့ ဝင်ဖမ်းတာပါ။ ခရိုင်မူးယစ်တပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေလည်း ပါတယ်။ အားလုံးဖမ်းမိတာဆို ၄၀၅ ပြားပါ။ ခုတော့ စခန်းမှာ အမှုဖွင့်စစ်ဆေးနေပါတယ်”လို့ ပြောပါတယ်။ 

သတင်းရရှိတဲ့ ဦးဇော်မင်းအောင်ရဲ့ ဆိုင်ခန်းကို ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေချိန်မှာ ဆိုင်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား အရောင်စုံ ၄၀၅ ပြားနဲ့ သုံးစွဲတဲ့နေရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဦးဇော်မင်းအောင်ကို ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ ဦးဇော်မင်းအောင်ကို မအူပင်မြို့မရဲစခန်းမှာ မူးယစ် (ပ) ၄/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (က)/ ၂၀ (က)တို့နဲ့ အမှုဖွင့် စစ်ဆေးနေကြောင်း မအူပင်မြို့နယ်ရဲတပ်ဖွဲ့က သိရပါတယ်။

မအူပင်မြို့နယ်မှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ မေလအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၄ ကြိမ်အထိရှိခဲ့ကာ အားလုံးကို တရားဥပဒေနဲ့အညီ အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013