DVB Logo
Home
မေးမြန်းခန်း
အင်းလေးကန် စံချိန်တင် ရေကျဆင်း
DVB
·
April 22, 2013
အင်းလေးကန် စံချိန်တင် ရေကျဆင်း
Donate to DVB

ရွာသွန်းတဲ့မိုးရေချိန်နည်းတာနဲ့ နွေစပါးစိုက်ဖို့ အင်းလေးကန်တွင်း စီးဝင်တဲ့ နမ့်လတ်ချောင်းရေ ရယူကြတာရယ်ကြောင့် အင်းလေးကန်ထဲ ၁၄-၁၅ ရက်အတွင်း စံချိန်တင် ရေကျဆင်းနေပြီး ဖောင်တော်ဦးဘုရားကို လမ်းလျှောက်သွားဖူးနေရပြီလို့ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

အင်းလေးကန် စံချိန်တင် ရေကျဆင်းနေမှုအခြေအနေနဲ့ ပတ်သက်ပြီး ဦးဝင်းမြင့်ကို မေးမြန်းထားပါတယ်။

အင်းရေ တော်တော်နည်းနေတယ်၊ ဘယ်လိုဖြစ်တာလဲ ခင်ဗျ။

[caption id="attachment_38629" align="alignleft" width="300" caption="ဖောင်တော်ဦးဘုရားမှ နန်းပန်အလိုတော်ပေါက်ဘုရားသွားရာ ရေလမ်းခရီး ၂၀၁၃ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ မြင်ကွင်း (Photo _ Al Nyi(ပင်နီ) )"][/caption]

“ရေနည်းတယ်ဆိုတာက ညောင်ရွှေမြို့နယ်မှာ မိုးရေချိန်လက်မက ၃၅.၇ ပဲ ရှိတယ်။ တခြား တောင်ကြီးတို့၊ ကလောတို့၊ ပင်လောင်းတို့၊ ရပ်စောက်တို့မှာလည်း မိုးက ၄၀ လက်မထက် မကျော်ဘူးဗျ။ အဲဒါကြောင့် အင်းလေးကန်ထဲ ရေ၀င်တာနည်းသွားပြီးတော့ ၂၀၁၀ တုန်းကလိုမျိုး ရေပြန်ခြောက်လာတယ်။ ကျနော်တို့က ဒီလောက်မြန်မြန် လျော့သွားလိမ့်မယ်လို့ မထင်ဘူးဗျ။ ညောင်ရွှေမြို့နယ်မှာ အခုက နွေစပါးတွေ စိုက်နေကြတယ်။ နွေစပါးက ညောင်ရွှေမြို့နယ်မှာ အဓိက၀င်တဲ့ နမ့်လတ်ချောင်းရေမှာ ဧက ၃ ထောင်လောက် နွေစပါးစိုက်နေတယ်။ တောင်ကြီးမြို့နယ်မှာ ဧက ၁ ထောင်လောက်တော့ စိုက်နေတယ်။ အဲလို နွေစပါးစိုက်တဲ့ လယ်ကွင်းတွေကို အင်းလေးကန်ကိုသီးခြားဝင်တဲ့ နမ့်လတ်ချောင်းက ရေကို ယူပြီးတော့ သုံးနေရတော့ ရေက အင်းထဲကို မ၀င်တော့ တော်တော်လျော့သွားတဲ့ အနေအထားရှိတယ်။ ”

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေ ဖောင်တော်ဦးဘုရား သွားဖူးဖို့ အခက်တွေ့နေကြပြီပေါ့။

“သူတို့ကတော့ မော်တော်ဆိုက်လို့ရမယ့်နေရာတွေမှာ ဆိုက်ပြီးတော့ အဲဒီမှာ ကျနော်တို့ ယာယီတံတားလေးတွေ ကူးပြီးတော့ သွားကြတယ်။ ဒါတွေကိုလည်း ကျနော်တို့ မြေတူးစက်နဲ့ ၄-၅ရက်လောက်လုပ်ပြီး သွားလာနိုင်တဲ့ မြောင်းလေးတော့ ဖြစ်လာမယ်လို့ ကျနော်တို့ မျှော်လင့်တယ်။”

အဆိုးရွားဆုံးဖြစ်နေတဲ့နေရာက ဘယ်နေရာလဲ။

“ရာမနဲ့ ဖောင်တော်ဦးဘုရား ပတ်ဝန်းကျင်ပေါ့။”

ဖောင်တော်ဦးဘုရားကို သွားမယ်ဆိုရင် ဘယ်နားလောက်ထိ သွားလို့ရလဲ။

“အခုက ဖောင်တော်ဦးဘုရားကို တိုက်ရိုက် မော်တော်ဆိုက်လို့ မရတော့ဘူး။ သာလေးရွာလောက်ကို သွားပြီးတော့ တခါပြန်ပြီး လမ်းလျှောက်ပြီး သွားလို့ရမယ့် အနေအထားမျိုးပါ။ ၁၀ ရက် ၁၅ ရက်အတွင်းမှာ ခုဏကပြောသလို နမ့်လတ်ချောင်းမှာရှိတဲ့ ရေကို နွေစပါးတွေ ဧက ၃ ထောင်လောက် သောက်သုံးပြီးတော့မှ၊ နွေစပါးတွေ စိုက်လိုက်တော့ တော်တော်လေး လျော့သွားတယ်။”

ဆည်မြောင်းနဲ့ လုပ်မယ်ဆိုတော့ မြေတူးမှာလား ဘယ်လိုလုပ်ကြမလဲ။

“အဓိကတော့ ဖောင်တော်ဦးဘုရားကို သွားလာရလွယ်သွားအောင် မြေတူးစက်နဲ့ မြေတူးမှာပေါ့။ နောက် ရွာမ၊ သာလေးကျေးရွာအုပ်စု အဲဒါအရေးကြီးတယ်။ အဲမှာ အများဆုံးဖြစ်တာ။ မြေတူးမယ်ဆိုရင် မြေတူးစက်လေးနဲ့ ၁၅-၂၀ ပေလောက် လှေသွားနိုင်အောင် တူးရမယ်ဆိုတော့ သိပ်မကြာဘူး။ ဒါပေမယ့် မတူးပေမယ့် မိုးကလည်းမရွာဘူးဆိုရင် အခက်အခဲအများကြီးတွေ့နိုင်တယ်။ မိုးရွာဖို့ပဲ အဓိက အားထားနေရတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013