DVB Logo
Home
မြန်မာသတင်း
တရုတ်အပလီကေးရှင်း Joox  အွန်လိုင်းပေါ်က မြန်မာ့ဂီတဈေးကွက်ကို လွှမ်းမိုးလာနေ
DVB
·
May 5, 2020
တရုတ်အပလီကေးရှင်း Joox  အွန်လိုင်းပေါ်က မြန်မာ့ဂီတဈေးကွက်ကို လွှမ်းမိုးလာနေ
Donate to DVB

တရုတ်အင်တာနက်ကုမ္ပဏီ Tencent Holdings ရဲ့ ဝန်ဆောင်မှု အပလီကေးရှင်း Joox ဟာ တိုးတက်ပြောင်းလဲလာတဲ့ အင်တာနက်ပေါ်က မြန်မာအွန်လိုင်းဂီတပလက်ဖောင်းပေါ်မှာ လွှမ်းမိုးနေရာယူထားတယ်လို့ Nikkei Asian Review သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

       Joox ဟာ အွန်လိုင်းပလက်ဖောင်း အပလီကေးရှင်းတခုအနေနဲ့ သီချင်းအမျိုးအ စားပေါင်းစုံကို အခမဲ့နီးပါး နားဆင်နိုင်ဖို့ ပြုလုပ်ပေးထားတာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားတို့လိုပဲ မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က တည်းက စတင်အခြေချလာခဲ့တာပါ။

       ခုနောက်ပိုင်းကာလမှာ မြန်မာနိုင်ငံရဲ့ လူဦးရေအလိုက် မိုဘိုင်းစမတ်ဖုန်းအသုံးပြုမှု တိုးတက်လာတာနဲ့အမျှ အွန်လိုင်းကတဆင့် ဖုန်းနဲ့ သီချင်းနားထောင်နိုင်တဲ့ ဝန် ဆောင်မှုတွေပေးနိုင်တဲ့ Joox ကို ပိုပြီးတော့ ရေပန်းစားလာစေခဲ့ပါတယ်။

       တေးသီချင်းစီဒီတွေကို ဝယ်ယူနားဆင်ကြမယ့်အစား အွန်လိုင်းပေါ်မှ နားဆင်နိုင်မယ့် ဂီတပလက်ဖောင်းတွေဟာ အရှိန်အဟုန်နဲ့ မြန်ဆန်လာနေခဲ့ပြီ ဖြစ်ပါတယ်။

       “Moshimo-တကယ်လို့”အမည်ရတဲ့ သီချင်းကိုတော့ မြန်မာနိုင်ငံမှာ အဝင်းလို့ လူသိများတဲ့ မိုရီဆာကီဝင်းနဲ့ ဂျပန်အမျိုးသမီးအဆိုတော် Ayaka Hirahara တို့ မြန်မာလို သီဆိုထားကြတဲ့ သီချင်းဟာ ဖေဖော်ဝါရီလရဲ့ ထိပ်တန်းဇယားမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီသီချင်းကို ဒေသတွင်းရုပ်သံစီးရီးစ်တခုအတွက် Hirahara ကရေးစပ်ပေးခဲ့တာဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီလလယ်လောက်မှာ သူတို့ ၂ ယောက်က ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့တာပါ။

အဲဒီနောက်တော့ သူတို့သရုပ်ဆောင်မှုတွေနဲ့ ဒီသီချင်းရုပ်သံဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာကတဆင့် ရေပန်းစားခဲ့ပြီး ပြည်တွင်း အနုပညာရှင်တွေရဲ့ သီချင်းတွေကို ဖြတ်ကျော်ကာ ဇန်နဝါရီလကုန်ထိ ထိပ်တန်းဇယားမှာ တတိယနေရာမှာ ရှိခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

ဂျပန်၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေလို ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ အမေရိကန် အခြေစိုက် Apple Music လို၊ ဆွီဒင်အခြေစိုက် Spotify တို့လို အွန်လိုင်းပလက်ဖောင်း အပလီကေးရှင်းတွေကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။

       ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ Spotify ကို အသုံးပြုခွင့် မရသေးပဲ Apple Music ကလည်း ဈေးနှုန်းကြီးမြင့်ကွာဟမှုကြောင့် ပိုမိုသက်သာတဲ့ လမ်းကြောင်းဆီ ဦးတည်နေခဲ့တာမို့ Joox လို သုံးစွဲရလွယ်ကူတဲ့ အပလီကေးရှင်းက နေရာရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်ကုမ္ပဏီ Tencent Holdings အနေနဲ့ Joox ကို ဟောင်ကောင်မှာ ၂၀၁၅ ခုနှစ်မှာစတင်ခဲ့တာဖြစ်ပြီး တရုတ်ပြည်မကြီးနဲ့ ဒေသတွင်း တခြားနိုင်ငံတွေဆီ ချဲ့ထွင်ဝန်ဆောင်မှုပေးဖို့ စတင်ခဲ့တာပါ။

       အရှေ့တောင်အာရှနိုင်ငံတွေဖြစ်ကြတဲ့ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေအပြီး အောင်အာဖရိကနိုင်ငံကိုတော့ ၂၀၁၇ ခုနှစ်မှာ စတင်ပြီးတော့ ဈေးကွက်ချဲ့ ထွင်နိုင်ခဲ့ပါတယ်။

       Joox အပလီကေးရှင်းရဲ့ ဈေးကွက်ချဲ့ထွင်နိုင်မှုနဲ့ ရေပန်းစားရတဲ့ အကြောင်းရင်း တွေထဲမှာတော့ သက်ဆိုင်ရာ ဒေသအလိုက်အသားတကျဖြစ်အောင် ဒေသတွင်းအသုံးပြုတဲ့ ဘာသာစကားနဲ့ အကျွမ်းတဝင်ရှိတဲ့ တေးသီချင်းစာသားတွေကိုပါ ထည့်သွင်းထားနိုင်မှုဟာလည်း လူကြိုက်များတဲ့ အချက်တွေထဲ ပါဝင်နေပါတယ်။

       Spotify လိုပဲ Joox ကဒေါင်းလုတ်လုပ်နားဆင်တဲ့ အကြိမ်အလိုက် ဝန်ဆောင်ခ ကောက်ခံတာမျိုးမဟုတ်ပဲ ကြော်ငြာကရရှိတဲ့ ဝင်ငွေကြောင့် သီချင်းတွေအများစုကို အခမဲ့ နားဆင်ဖို့ ခွင့်ပြုထားနိုင်ခဲ့တာပါ။ အခပေးနားဆင်တဲ့ အသုံးပြုသူ Subscribers တွေ အနေနဲ့ကတော့ အရည်အသွေးမြင့် သီချင်းနဲ့ ရုပ်သံဗွီဒီယိုဖိုင်တွေကိုပါ ထပ်ဆင့်တိုး နားဆင်နိုင်တာ ဖြစ်ပါတယ်။

       မြန်မာနိုင်ငံမှာတော့ Joox အနေနဲ့ အဓိက တယ်လီကွန်းကုမ္ပဏီကြီးတွေနဲ့ စာ ချုပ်ချုပ်ဆိုထားပြီး လိုအပ်တဲ့ ငွေပေး‌ချေမှုနည်းလမ်းတွေနဲ့ အလွယ်တကူအသုံးပြုနိုင်ဖို့ ဝန်ဆောင်မှုတွေ ပေးထားခဲ့တာ ဖြစ်ပါတယ်။

       နောက်ထပ် အမြဲဆန်းသစ်နေတဲ့ ပြည်တွင်းအနုပညာရှင်တွေရဲ့ ထိပ်တန်းရေပန်း စားသီချင်းတွေကို အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေသလို နိုင်ငံတကာက သီချင်းတွေကိုလည်း နားဆင်ခံစားနိုင်အောင် စီမံပေးထားပါတယ်။

ကိုးကား- Asia Nikkei

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013