
ရန်ကုန် တောင်ဥက္ကလာပမြို့နယ် ၁၀ ရပ်ကွက်၊ သစ္စာလမ်းမပေါ်မှာ ဒီနေ့ မနက် ၁၀ နာရီလောက်က ဒံပေါက်ပို့ဖို့သွားတဲ့ Foodpanda Delivery ဝန်ထမ်းတစ်ဦးဆီကို ကားတစ်စီးလာပြီး ဘေးကကပ်ကာ ဖုန်းလုသွားတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ၁၀ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးကြည်က ဒီဗွီဘီက ပြောပါတယ်။
Foodpanda Deliveryဝ န်ထမ်းဟာ ဒံပေါက်ပို့မယ့်လိပ်စာကို ဖုန်းဖွင့်ကာမေးမြန်းချိန် ကားရောက်လာပြီး ဖုန်းလုသွားခဲ့ကြောင်း၊ ဖုန်းလုတဲ့ ကားကို အနီးနားက တက္ကစီကားက ရှေ့က ပိတ်ရပ်ကာ ရပ်ကွက်ကလည်း ဝိုင်းဖမ်းပေးခဲ့တာကြောင့် ဖမ်းမိခဲ့ကြောင်း သူကပြောပါတယ်။
ဖုန်းလုခံရတဲ့ Delivery ဝန်ထမ်းမှာ ဒဏ်ရာအနည်းငယ်ရသွားတယ်လို့ သိရပါတယ်။
အဆိုပါ ကားပေါ်မှာ ယာဉ်မောင်းအပြင် လူ ၃ ယောက်ပါပြီး သူတို့ကို လက်ရဲစခန်းမှာ ဖမ်းဆီးထားကြောင်းနဲ့ အမှုဖွင့်လှစ်ရေးဆောင်ရွက်နေကြောင်း တောင်ဥက္ကလာပမြို့မရဲစခန်းက ပြောပါတယ်။











