DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းလွှတ်တော် အထူးအစည်းအဝေး တခုံခြားစနစ်ဖြင့် ကျင်းပ
DVB
·
May 4, 2020
စစ်ကိုင်းတိုင်းလွှတ်တော် အထူးအစည်းအဝေး တခုံခြားစနစ်ဖြင့် ကျင်းပ
1 / 5
Donate to DVB

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးဘက်ဂျက် ခွဲဝေသုံးစွဲရေးအတွက် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အထူးအစည်းအဝေး ၁/၂၀၂၀ ကို တခုံခြားစနစ်ဖြင့် မေလ ၄ ရက်နေ့က စတင်ကျင်းပပါတယ်။

"အစည်းအဝေးကို ကိုဗစ်ကာလမှာ အခက်အခဲတွေ ရှိပေမယ့် မဖြစ်မနေဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေရှိတာကြောင့် ခေါ်ယူရတာဖြစ်တယ်။ ကိုယ်စားလှယ်တွေအနေနဲ့ ကျန်းမာရေးကိစ္စကို အထူးညွှန်ကြားထားတဲအတိုင်း လိုက်နာဆောင်ရွက်ကြပါ။" လို့ လွှတ်တော်ဥက္ကဋ္ဌ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

အစည်းအဝေးအစီအစဉ်အရ တိုင်းဒေသကြီး ရန်ပုံငွေမှာ ပါဝင်တဲ့ ဌာန၊ အဖွဲ့အစည်း ၂၆ ခု၊ သာမန်အသုံးစရိတ်အတွက် ဌာနအဖွဲ့အစည်း ၂၇ ခုတို့ရဲ့ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေ ငွေစာရင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံ/ဘဏ္ဍာ ဝန်ကြီးက လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဌာန ၅ ခုရဲ့ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေ လွှဲပြောင်းသုံးစွဲတာကိုလည်း ဝန်ကြီးက လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။ 

အစည်းအဝေးမှာ တိုင်းဒေသကြီးလွှတ်တော်ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီရဲ့ ၂၀၁၉ ခုနှစ် ၁ နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကိုလည်း ကော်မတီဝင်တဦးက လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။ 

လွှတ်တော်ကို တင်သွင်းတာတွေနဲ့ပတ်သက်လို့ ပြန်လည်ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ အမည်စာရင်းတင်သွင်းကြဖို့ ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။ 

ဒီနေ့ကျင်းပတဲ့ အထူးအစည်းအဝေးကို လွှတ်တော်ကို တက်ရောက်ခွင့်ရှိသူ ၉၉ ဦးရှိတဲ့အထဲက ၈၃ ဦးတက်ရောက်ခဲ့ပါတယ်။

လက်ရှိအချိန်က ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေချိန်လည်း ဖြစ်တာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း တခုံခြားစနစ်နဲ့ ပုံမှန်နေရာတွေမဟုတ်ဘဲ နေရာတွေခွဲခြားပြီး ချထားပေးခဲ့ပါတယ်။ 

ဒါ့အပြင် အဝင်အထွက်နေရာတွေ၊ လက်မှတ်ထိုးတဲ့ နေရာတွေမှာလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်းဖြစ်ဖို့ လုပ်ဆောင်ထားပါတယ်။

လွှတ်တော်အစည်းအဝေးမကျင်းပခင်ရက်တွေကလည်း ကိုယ်စားလှယ်တွေရဲ့ အိပ်ဆောင်တွေ၊ အစည်းအဝေးခန်းမ၊ ကော်မတီရုံးခန်း စတာတွေကို မီးသတ်ဦးစီးဌာနက ဦးဆောင်ကာ ပိုးသတ်ဆေးဖျန်းခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တိုင်းလွှတ်တော်အစည်းအဝေးကို မူလက သတ်မှတ်ထားတဲ့ ရက်မှာ မကျင်းပနိုင်ခဲ့ဘဲ နောက်ဆုတ်ထားခဲ့ရတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013