DVB Logo
Home
မြန်မာသတင်း
လပွတ္တာမြို့က လူငယ် ၁ ဦးကို ဆေးစစ်မှုခံယူရန် မြောင်းမြဆေးရုံပို့
DVB
·
May 4, 2020
လပွတ္တာမြို့က လူငယ် ၁ ဦးကို ဆေးစစ်မှုခံယူရန် မြောင်းမြဆေးရုံပို့
Donate to DVB

လူနာအမှတ် ၁၅၀ တည်းခိုခဲ့တဲ့အခန်းမှာ ရှေ့ဆင့်နောက်ဆင့်တည်းခိုခဲ့တဲ့ လပွတ္တာမြို့နေ အသက် ၂ဝ ဝန်းကျင် လူငယ်အမျိုးသားတစ်ဦးကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက မြောင်းမြဆေးရုံကို မေလ ၃ ရက်နေ့က ဆေးစစ်မှုခံယူဖို့  ပို့ဆောင်ခဲ့ပါတယ်။

အဲ့ဒီလူငယ်ဟာ လပွတ္တာမြို့နယ်၊ ကြိမ်ကွင်းအုပ်စု၊ ကလားဘိုကျေးရွာနေ အသက် ၂ဝ အရွယ် လူငယ်တဦးဖြစ်ပြီး မန္တလေးမြို့က ရွှေမြင့်မိုရ်တည်းခိုခန်းမှာ လူနာအမှတ် ၁၅ဝ တည်းခိုခဲ့တဲ့ အခန်းမှာ ရှေ့ဆင့်နောက်ဆင့် တည်းခိုခဲ့တာပါ။

အဲ့ဒါကြောင့် လူနာအှတ် ၁၅ဝ နဲ့ ဆက်စပ်ခဲ့တွေကို လိုက်လံရှာဖွေခဲ့ရာ သတင်းအရ လပွတ္တာမြို့နဲ့ မြောင်းမြမြို့က လူမှုကူညီရေးပရဟိတအဖွဲတွေ ပူးပေါင်းပြီး အဲ့ဒီလူငယ်ကို ရွာကနေ သွားရောက်ခေါ်ဆောင်ကာ မြောင်းမြဆေးရုံမှာ ဆေးစစ်မှုခံယူဖို့ ပို့ဆောင်ခဲ့တာပါ။

"လူနာအမှတ် ၁၅ဝ တည်းခဲ့တဲ့ တည်းခိုခန်းမှာ ဒီကောင်လေးက အခန်းတစ်ခန်းကိုပဲ ရှေ့ဆင့်နောက်ဆင့် တည်းခဲ့တယ်။ အဲဒီသတင်းအရ ကျနော်တို့ အဲဒီ ကောင်လေးနေတဲ့ရွာကို အုပ်ချုပ်ရေးဌာနနဲ့ ပူးပေါင်းလိုက်ရှာခဲ့တယ်။ ရှာတွေ့ခဲ့တော့ ကောင်လေးကို မေးရာမှာလည်း သူက မန္တလေးက ပြန်လာတယ်ဆိုတာ ပြောပါတယ်။ အဲဒါနဲ့ မြောင်းမြဆေးရုံကို ဆေးစစ်ဖို့ ပို့ဆောင်ပေးခဲ့ပါတယ်" လို့ လပွတ္တာမြို့မှ အဖြူရောင်ဧရာဝတီ လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ကိုခင်မောင်ဝင်းကပြောပါတယ်။

လူနာအမှတ် ၁၅ဝ ဟာ ချင်းပြည်နယ်၊ ဟားခါးမြို့မှ အသက် ၁၈ နှစ်အရွယ်ရှိ အမျိုးသမီးဖြစ်ပြီး COVID - 19 လူနာနဲ့ တွေ့မှုမရှိခဲ့ဘဲ ပြည်ပကို ခရီးသွား ရာဇဝင်ရှိသူဖြစ်ပြီး ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013