DVB Logo
Home
မြန်မာသတင်း
ဧပြီ ၂၉ ရက်မှ မေ ၃ ရက်ထိ ကိုဗစ်-၁၉ လူနာသစ် ၂ ဦးသာရှိ
DVB
·
May 3, 2020
ဧပြီ ၂၉ ရက်မှ မေ ၃ ရက်ထိ ကိုဗစ်-၁၉ လူနာသစ် ၂ ဦးသာရှိ
Donate to DVB

ဧပြီ ၂၉ ရက်နေ မေ ၃ ရက်ထိ ကိုဗစ်-၁၉ လူနာသစ် ၂ ယောက်ပဲ ရှိခဲ့ပြီး ရောဂါကင်းစင်လာသူ ၃၇ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေက ဆိုပါတယ်။

ဧပြီ ၂၉ ရက် မနက် ၇ နာရီထုတ်ပြန်ချက်အရ စောင့်ကြည့်လူနာနဲ့  အသွားအလာ ကန့်သတ်ထားရှိသူတွေရဲ့ ဓာတ်ခွဲနမူနာ ၂၆၈ ခုကို စစ်ဆေးရာမှာ ၁ ယောက်မှာ ပိုးတွေ့ခဲ့ပြီး စုစုပေါင်း ပိုးတွေ့အတည်ပြုလူနာ အယောက် ၁၅၀ ဖြစ်လာပါတယ်။

အဲဒီနေ့မနက်မှာပဲ သွေးတိုးနဲ့ အမျိုးအစား ၂ ဆီးချိုရောဂါအခံရှိသူ အသက် ၆၃ နှစ်အရွယ် ဓာတ်ခွဲအတည်ပြုလူနာအမှတ် ၁၁၀ ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးတာ၊ အသက်ရှူလမ်းကြောင်းထဲကို ဘက်တီးရီးယားပိုး ဝင်ရောက်တာနဲ့ ရုတ်တရက် ကျောက်ကပ်ပျက်စီးတာတို့ကြောင့် သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၆ ယောက် ရှိခဲ့ပါတယ်။

ဧပြီ ၂၉ ရက် ညနေမှာ ဓာတ်ခွဲနမူနာ ၁၁၀ ကို စစ်ဆေးပြီး လူနာသစ်မတွေ့သလို ဧပြီ ၃၀ ရက် မနက်အစောပိုင်း ဓာတ်ခွဲနမူနာ ၁၈၄ ခု၊ ဧပြီ ၃၀ ရက် ညပိုင်းမှာ ဓာတ်ခွဲနမူနာ ၂၉ ခုတို့ရဲ့ အဖြေမှာလည်း လူနာသစ် မတွေ့ခဲ့ပါဘူး။

မေ ၁ ရက် မနက်  ဓာတ်ခွဲနမူနာ ၂၀၈ ခုကို စစ်ဆေးပြီးစီးခဲ့ရာမှာ အတည်ပြုလူနာသစ် ၁ ယောက် ထပ်တွေ့တာကြောင့် ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၅၁ ယောက် ဖြစ်လာပါတယ်။

မေ ၁ ရက် ညပိုင်းမှာ ဓာတ်ခွဲနမူနာ ၁၉၆ ခု၊ မေ ၂ ရက် ညပိုင်းမှာ ဓာတ်ခွဲနမူနာ ၂၄၄ ခု၊ မေ ၃ ရက် မနက်ပိုင်းမှာ ဓာတ်ခွဲနမူနာ ၁၃၄ ခုကို စစ်ဆေးပြီးခဲ့ပြီး လူနာသစ် မရှိခဲ့ပါဘူး။

ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာတွေကိုလည်းယူပြီး ပိုးကင်းစင်လာတာကို စစ်ဆေးနေတာကြောင့် မေ ၂ ရက် စစ်ဆေးချက်အရ လူနာအမှတ် ၅၃၊ ၇၀၊ ၇၁၊ ၇၃၊ ၇၅ နဲ့ ၈၅ တို့ရဲ့ ဓာတ်ခွဲနမူနာတွေမှာ ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ရတော့ဘဲ ရောဂါပိုး ကင်းစင်လာသူ စုစုပေါင်း ၃၇ ယောက် ရှိလာပြီ ဖြစ်ပါတယ်။

မေ ၁ ရက်နေ့မှာ ရောဂါပိုးကင်းစင်လာသူ ၁၀ ယောက် ( လူနာအမှတ် ၂၊ ၈၊ ၃၂၊ ၃၃၊ ၃၈၊ ၄၁၊ တို့ကို ဆေးရုံက ဆင်းခွင့်ပေးလိုက်လို့ မေ ၂ ရက်အထိ ဆေးရုံကနေ ဆင်းခွင့်ရသူ ၂၇ ယောက်ရှိပြီး သူတို့ကို သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ်ထားပါတယ်။

ကျန်နေတဲ့ ဓာတ်ခွဲအတည်ပြုလူနာ ၁၁၈ ယောက်ကို သက်ဆိုင်ရာဆေးရုံတွေမှာ ကုသပေးနေပြီး ၂ ယောက်ကိုတော့ အထူးကြပ်မတ်ကုသခန်းမှာ ကုသပေးနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013