DVB Logo
Home
သတင်းဓာတ်ပုံ
မဒေးကျွန်းဒေသခံများ တရုတ်ကုမ္ပဏီကို ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
April 19, 2013
မဒေးကျွန်းဒေသခံများ တရုတ်ကုမ္ပဏီကို ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံ)
1 / 2
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲ လက်ရှိဆောင်ရွက်နေတဲ့ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းဟာ လူနေမှုဘ၀နဲ့ အကျိုးစီးပွားကို ထိခိုက်နေတဲ့အတွက်  မဒေးကျွန်းဒေသခံတွေ ရာနဲ့ချီပြီး သက်ဆိုင်ရာ တရုတ် စီအန်ပီစီကုမ္ပဏီကို မနေ့က ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ရွာသားတွေရဲ့ နစ်နာချက်တွေနဲ့ ပတ်သက်ပြီး တရုတ်ကုမ္ပဏီကို တောင်းဆိုထားတဲ့ အချက် ၉ ချက်ရှိကြောင်း၊ အသိမ်းခံရတဲ့ မြေတွေကို နိုင်ငံတကာ စံနှုန်းအတိုင်း ပေးလျော်ဖို့၊ စီမံကိန်းကြောင့် ပျက်စီးသွားတဲ့  ကျောက်တန်း၊ ပြိန်၊ ရွာမနဲ့ ပန်းတိမ်ဆည် ဆက်သွယ်ရေးလမ်းကို ပြန်ပြင်ပေးဖို့၊ ဒေသခံတွေကို အလုပ်ခန့်ပြီး လုပ်အားခကို နိုင်ငံတကာ စံနှုန်းအတိုင်းပေးဖို့၊ မဒေးကျွန်းမှာ လျှပ်စစ်မီးရရေး၊ ကျွန်းပတ်လည်မှာ ငါးဖမ်းခွင့်ရရေးနဲ့ ကျွန်းပေါ်မှာရှိတဲ့   မြေလွတ်မြေရိုင်းတွေကို ဒေသခံကို အသိမပေးဘဲ သိမ်းယူလုပ်ကိုင်တာတွေ မလုပ်ဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဓာတ်ပုံ - ကိုထွန်းကြည် (မဒေးကျွန်း)
ကိုထွန်းနိုင် (ကျောက်ဖြူ) Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013