DVB Logo
Home
မြန်မာသတင်း
စားဝတ်နေရေးခက်ခဲသည့် အခြေခံလူတန်းစားများ အကူအညီတောင်းနိုင်ဟု မွန်ဝန်ကြီးချုပ်ပြော
DVB
·
May 1, 2020
စားဝတ်နေရေးခက်ခဲသည့် အခြေခံလူတန်းစားများ အကူအညီတောင်းနိုင်ဟု မွန်ဝန်ကြီးချုပ်ပြော
Donate to DVB

မွန်ပြည်နယ်အတွင်းရှိ အခြေခံလူတန်းစားတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲရှိပါက အစိုးရဆီမှာ အကူအညီတောင်းခံနိုင်တယ်လို့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။ 

Covid 19 အကျပ်အတည်းကြောင့် အခြေခံလူတန်းစားတွေ အလုပ်လက်မဲ့တွေ ဖြစ်လာပြီး စားဝတ်နေရေး အခက်အခဲရှိနေကြတာပါ။

မွန်ပြည်နယ်မှာတော့ ကိုရိုနာဗိုင်းစ် COVID-19 ရောဂါ ဖြစ်ပွားပြီး အချိန် ၁ လ ကျော်အကြာမှာ မြို့နယ်တချို့က ကျေးရွာတွေမှာ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်နေတာပါ။

အဲဒီစားဝတ်နေရေး အခက်အခဲရှိတဲ့ အခြေခံလူတန်းစာ နေ့လုပ်နေ့စားတွေအနေနဲ့ အစိုးရမှာ လာရောက် အကူအညီ တောင်းခံနိုင်ပြီး လိုအပ်ချက်တွေ အကန့်အသတ်နဲ့ ထောက်ပံ့ပေးသွားမယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။

အခြေခံလူတန်းစားတွေကို စားသောက်ကုန်တွေ ထောက်ပံ့ပေးနိုင်အောင် စားဝတ်နေရေး အခက်အခဲရှိတဲ့ နေ့လုပ်နေ့စားတွေအနေနဲ့ အစိုးရကို တရားဝင် စာတင်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ COVID-19 အကျပ်အတည်းကြောင့် အခြေခံလူတန်းစာတွေအပြင် ရဟန်းသံဃာတွေပါ ဆွမ်းအတွက် အခက်အခဲ ဖြစ်နေတယ်လို့ သထုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောပါတယ်။

စားဝတ်နေရေး အခက်အခဲရှိနေတဲ့ အခြေခံလူတန်းစာတွေကို အလှူရှင်တွေနဲ့ ပူးပေါင်းပြီး ထောက်ပံ့တာတွေ လုပ်ဆောင်ပေမယ့် ရေရှည်မှာ အခက်အခဲရှိလာနိုင်တယ်လို့ ဆိုပါတယ်။

အခြေခံလူတန်းစာတွေကို ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာ စားဝတ်နေရေး အဆင်ပြေစေဖို့ အခြေခံစားသောက် ၅ မျိုးကို အစိုးရက ထောက်ပံ့ပေးထားပါတယ်။

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013