DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံ လွယ်ဂျယ်နယ်စပ်ဂိတ်မှ သီတင်း ၂ ပတ်အတွင်း ပြန်ဝင်လာသူ ၄၀၀၀ ကျော်ရှိ
DVB
·
April 30, 2020
တရုတ်နိုင်ငံ လွယ်ဂျယ်နယ်စပ်ဂိတ်မှ သီတင်း ၂ ပတ်အတွင်း ပြန်ဝင်လာသူ ၄၀၀၀ ကျော်ရှိ
Donate to DVB

တရုတ်နိုင်ငံကနေ လွယ်ဂျယ်နယ်စပ်ဂိတ်ကနေတဆင့်  ပြန်ဝင်လာသူ အရေအတွက်ဟာ ဧပြီ ၁၆ ရက်ကနေ ဒီကနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းအထိ ၄၀၀၀ ကျော်ရှိနေပြီလို့ ဗန်းမော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့ ကတည်းကစတင်ပြီး တရုတ်နိုင်ငံက ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကို  လွယ်ဂျယ် နယ်စပ်ဂိတ်ကနေ လက်ခံခဲ့တာ ဖြစ်ပါတယ်။ 

ပြန်လာသူအများစုက ကချင်ပြည်နယ်အတွင်းက ဖြစ်ပြီး ကျန်တဲ့တိုင်းနဲ့ပြည်နယ်ကို ပြန်မယ့်သူတွေကိုတော့ ကားနဲ့ရော သင်္ဘာနဲ့ပါ  ဧပြီလ ၁၉  ရက်နေ့က စတင်ပို့ဆောင်ခဲ့ပါတယ်။ ဒီကနေ့အထိပြန်လာသူတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။ 

လွယ်ဂျယ်နယ်စပ်ဂိတ်က ပြန်ဝင်လာသူ အားလုံးကို သတ်မှတ်နေရာတွေမှာ quarantine ၂၁ ရက်ထားပြီးရင် အိမ်မှာ ၇ ရက် အသွားအလာကန့်သတ်စောင့်ကြည့် quarantine ဆက်လက် ထားရှိမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ သွားရောက် အလုပ်လုပ် ကိုင်နေတဲ့ မြန်မာနိုင်ငံသား ခန့်မှန်းချေ ၂၀၀၀၀ ဝန်ကျင်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013