
ဧပြီ ၃၀ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၄၁၀.၉ ကျပ်၊ ၁ ယူရိုငွေကို ၁၅၃၂.၉ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၉၉၇.၉၀ ကျပ်၊ ဂျပန်ယန်း ၁၀၀ ကို ၁၃၂၄.၇ ကျပ်၊ တရုတ် ၁ ယွမ်ကို ၁၉၉.၄၄ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၂၄.၈၇ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၃.၅၅ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး ၁ ကျပ်သားကို ရောင်းဈေးကတော့ ၁၁၉၃၀၀၀ ကျပ်၊ ဝယ်ဈေးကတော့ ၁၁၈၈၀၀၀ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၇၁၈ ဒေါ်လာ ဈေးပေါက်ပါတယ်။
(ကိုးကား - ရွှေစင်အကယ်ဒမီ)











