DVB Logo
Home
မြန်မာသတင်း
ရွှေပြည်သာစက်ရုံလုပ်သားများ နှာခေါင်းစည်း Mask များ ချုပ်လုပ်လှူဒါန်း
DVB
·
April 30, 2020
ရွှေပြည်သာစက်ရုံလုပ်သားများ နှာခေါင်းစည်း Mask များ ချုပ်လုပ်လှူဒါန်း
1 / 4
Donate to DVB

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ စက်ရုံတချို့က အလုပ်သမားတွေကိုယ်တိုင် နှာခေါင်းစည်း Mask တွေချုပ်လုပ်ပြီး ရန်ကုန်တိုင်း COVID-19 ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီသို့ ဧပြီ ၂၉ ရက်နေ့က လှူဒါန်းခဲ့ကြပါတယ်။

COVID-19 ထိန်းချုပ်၊ ကာကွယ်နိုင်ရေးအတွက် ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရှိ World Jin၊ J Land၊ GY SENG (Myanmar)၊ Myanmar Luxury အထည်ချုပ်နဲ့ Wanxinda အိတ်ချုပ်စက်ရုံတို့က အလုပ်သမားသမဂ္ဂအဖွဲ့၀င်တွေ စုပေါင်းပြီး ပြန်လျှော်ဖွပ် အသုံးပြုနိုင်တဲ့ ပိုးသတ်ပြီးသား နှာခေါင်းစည်းတွေ ချုပ်လုပ်လှူဒါန်းခဲ့တာပါ။

Myanmar Luxury အထည်ချုပ်က နှာခေါင်းစည်းချုပ်ပေးနေတဲ့ မအေးအေးစိုးက “ဧပြီ ၂၂ ရက်နေ့ကတည်းက နှာခေါင်းစည်းတွေ စချုပ်နေတာ။ ကျမတို့ စက်ရုံက ပိတ်ထားတယ်။ မေလ ၄ ရက်နေ့မှ ပြန်တက်ရမယ်။ အလုပ်မရှိတဲ့အချိန် ကျမတို့ တက်နိုင်ဘက်က လုပ်အားနဲ့ ကူညီနေတာပါ”လို့ ပြောပါတယ်။

တန်ဖိုးငွေ ကျပ် ၇ သိန်းလောက်ရှိတဲ့  နှာခေါင်းစည်းအခု ၁၀၀၀ ကို ရန်ကုန်တိုင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း က လက်ခံရယူခဲ့ပါတယ်။

ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ တာဝန်ခံကိုကျော်ဇင်က “နှာခေါင်းစည်းတွေကို ရွှေပြည်သာမြို့နယ်က ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ရုံးမှာ ချုပ်လုပ်ခဲ့တာဖြစ်ပြီး  ပထမအကြိမ် လှူဒါန်းတဲ့ နှာ‌ခေါင်းစည်းတွေကို Quarantine Centre အဖြစ် ကူညီပံ့ပိုးနေတဲ့ ပုလဲမြို့သစ်ရှိ မြရွှေပင်သဒ္ဓမ္မသုခရိပ်သာကျောင်းတိုက်မှာ အသုံးပြုခဲ့တယ်”လို့ ပြောပါတယ်။

တခြားလိုအပ်နေတဲ့ Quarantine Centre အသီးသီးကိုလည်း ထပ်မံပေးပို့သွားဖို့လည်း  အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ 

နှာခေါင်းစည်းတွေ ထပ်မံချုပ်လုပ်နိုင်ဖို့အတွက် ဒီနေ့အချိန်ထိ ချည်လိပ်ဝယ်ယူနိုင်ဖို့ အလှူရှင်အသီးသီးထံက လှူဒါန်းငွေ ကျပ်  ၃၄,၅၀၀၀ ရရှိထားပြီး အလုပ်သမားတွေကနေ နည်းပညာနဲ့ လုပ်အား စိုက်ထုတ်လှူဒါန်းနေတာ ဖြစ်တယ်လို့လည်း ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ က ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013