DVB Logo
Home
မြန်မာသတင်း
COVID-19  ရောဂါပိုးကင်းစင်သွားသူ ၁၆ ဦး ဆေးရုံကဆင်း၊ အတည်ပြုလူနာ ၁၁ ဦး နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့ 
DVB
·
April 30, 2020
COVID-19  ရောဂါပိုးကင်းစင်သွားသူ ၁၆ ဦး ဆေးရုံကဆင်း၊ အတည်ပြုလူနာ ၁၁ ဦး နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့ 
Donate to DVB

COVID-19 အတည်ပြုလူနာတွေထဲက ရောဂါပိုးကင်းစင်သူ ၁၆ ဦးကို ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီး အသွားအလာ ဆက်လက်ကန့်သတ်ထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကျန်လူနာတွေထဲက ဓာတ်ခွဲနမူနာတွေရယူ ထပ်မံစစ်ဆေးရာမှာ  (၂) ကြိမ် ဆက်တိုက် ရောဂါပိုးမတွေ့ရှိသူ  ၁၁ ဦးရှိတယ်လို့လည်း သိရပါတယ်။

အဆိုပါ ၁၁  ဦးကတော့ လူနာအမှတ်  Case - 001၊ 002၊ 008၊ 032၊ 033၊ 038၊ 041၊ 047၊ 050၊ 054 နဲ့  058 တို့ ဖြစ်ကြပါတယ်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဧပြီ ၃၀ ရက်မနက် (ဒုတိယအသုတ်) အဖြစ်စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၁၈၄ ခုမှာ  COVID-19 ရောဂါအတည်ပြုလူနာသစ် မတွေ့ရှိရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် သတင်းထုတ်ပြန်ပါတယ်။ 

အလားတူ ဧပြီ ၂၉ ရက် ညနေက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)နဲ့ ဆေးသုတေသနဦးစီးဌာန (DMR)တို့မှာ စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၁၁၀ ခုမှာလည်း  COVID-19 ရောဂါပိုး မတွေ့ရှိဘူးလို့ ထုတ်ပြန်ထားပါတယ်၊

မြန်မာနိုင်ငံမှာ ဧပြီ ၃၀ ရက် မနက် ၇ နာရီအထိ  COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၁၅၀ ဦး ၊ သေဆုံးသူ ၆ ဦးနဲ့ ပြန်ကောင်းလာသူ ၁၆ ဦးရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013