DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အရက်ပျံတိုင်ကီပေါက်ကွဲ မြန်မာလုပ်သား ၁ ဦး ပြင်းထန်ဒဏ်ရာရ
DVB
·
April 29, 2020
ထိုင်းတွင် အရက်ပျံတိုင်ကီပေါက်ကွဲ မြန်မာလုပ်သား ၁ ဦး ပြင်းထန်ဒဏ်ရာရ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ပရကန်ခရိုင်ရှိ လက်ဆေးဂျယ်ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက အရက်ပျံတိုင်ကီပုံးပေါက်ကွဲပြီး မြန်မာအလုပ်သမား တယောက် ပြင်းထန်စွာ ဒဏ်ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းက  ဆမွတ်ပရကန်ခရိုင် ဖရဆမွတ်ကျေး ဒီးမြို့နယ် လိုင်မ်ဖာ့ဖာရပ်ကွက်ရှိ ဖူးလ်ပတ်ကော်လက်ရှင်ကုမ္ပဏီပိုင် စက်ရုံတစ်ရုံမှာ ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရသူရှိကြောင်း သတင်းပေးချက်ရတဲ့အတွက် အရေးပေါ်လူနာ တင်ကားနဲ့အတူ သွားရောက်စစ်ဆေးကြည့်ရှုခဲ့တယ်လို့ ဆမွတ်ကျေးဒီးနယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါ။ 

အခင်းဖြစ်တဲ့နေရာမှာ အသက် ၃၃ နှစ်ရွယ် နိုင်ဇော်ဆိုသူ မြန်မာအလုပ်သမား ၁ ဦး ပြင်းထန်တဲ့ဒဏ်ရာနဲ့လဲကျနေလို့ ဆေးရုံကိုအမြန်ပို့ဆောင်ပေးခဲ့ကြောင်း ၊ စစ်ဆေးချက်အရ အရက်ပျံတိုင်ကီပုံးပေါ်တက်ပြီး အရက်ပျံထုတ်ယူစဉ် ရုတ်တရက်ပေါက်ကွဲမှုဖြစ်ပြီး အဆိုပါ အလုပ်သမားရဲ့ ခန္ဓာကိုယ်မှာ အမြင့် ၆ မီတာထိ လွှင့်စင်သွားကာ အရှိန်နဲ့ ကြမ်းပြင်ပေါ် ပြန်ပြုတ်ကျခဲ့တယ်လို့ ဆိုပါတယ်။ 

ကုမ္ပဏီပိုင်ရှင် နန်းဆောင်ချွန်းချူမ်း ကာဝိဆုခ် ပြောပြချက်အရ သူတို့စက်ရုံဟာ အရက်ပျံ ၇၀ ရာခိုင်နှုန်းပါ လက်ဆေးပိုးသတ်ဆေးရည်၊ လက်ဆေးဂျယ်တွေ ထုတ်လုပ်နေတာဖြစ်ပြီး အခင်းဖြစ်တဲ့နေ့က အလုပ်သမားတွေဟာ ပမာဏ ၄၀၀၀ လီတာ ဝင်ဆံ့တဲ့အရက်ပျံတိုင်ကီထဲ ကနေ အရက်ပျံတွေ ထုတ်ယူဖို့ပြင်နေစဉ် တိုင်ကီထဲမှာ အရက်ပျံလျော့နည်းနေလို့ တိုင်ကီကို စောင်းငဲ့ပေးဖို့ ဒဏ်ရာရသူက တိုင်ကီပေါ်  တက်သွားတယ်လို့ ဆိုပါတယ်။ 

အဲဒီအချိန်မှာ အောက်ကလည်း မော်တာစက်မောင်းပြီး အရက်ပျံစုတ်ထုတ်ဖို့ပြုလုပ်နေစဉ် မော်တာစက် အပူလွန်ကဲကာ ပေါက်ကွဲမှုဖြစ်သွားတာလို့ ပြောပါတယ်။ 

ဒဏ်ရာရသူမှာ အဲဒီစက်ရုံကအလုပ်သမားမဟုတ်ဘဲ ဆွေမျိုးဖြစ်တဲ့ အလုပ်သမားဆီ ခဏတဖြုတ်အလည်လာစဉ် အလုပ်ကူလုပ်ရင်း ဒဏ်ရာရသွား တာဖြစ်ပါတယ်။

အလုပ်ရှင်ကတော့ ဒဏ်ရာရအလုပ်သမားအတွက် ဆေးဖိုးဝါးခအကုန်တာ ဝန်ယူပြီး အကောင်းဆုံး ကုသပေးမှာဖြစ်သလို လုပ်ငန်းခွင်ထဲမှာလည်း အလားတူဘေး အန္တရာယ်မျိုး နောက်နောင် မကြုံရစေဖို့ ဘေးကင်းလုံခြုံတဲ့နည်းစနစ်ရှာဖွေ လုပ်ကိုင်သွားမယ်လို့ ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013