DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကပ်ဘေးကာလ ထီလက်မှတ်အရောင်းကျဆင်းသဖြင့် အထူးဆုအချို့ ချီးမြှင့်မည်မဟုတ် 
DVB
·
April 29, 2020
ကိုဗစ်ကပ်ဘေးကာလ ထီလက်မှတ်အရောင်းကျဆင်းသဖြင့် အထူးဆုအချို့ ချီးမြှင့်မည်မဟုတ် 
Donate to DVB

အောင်ဘာလေထီလက်မှတ်ရောင်းအားဟာ အရင်လနဲ့နှိုင်းယှဉ်ရင် နှစ်ဆနီးပါး ကျဆင်းသွားတာ‌ကြောင့် ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်မယ့်ငွေဟာလည်း ကာလတူ အရင်လထက် လျော့နည်းသွား‌တယ်လို့ ပြည်တွင်း အခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲရဲ့ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ သိရပါတယ်။

လက်ရှိ COVID-19 ကပ်ဘေးကာလမှာ  ‌ထီရောင်းအားကျဆင်းနေပြီး ထီဆုမဲဟာ ရောင်းချရတဲ့ ပမာဏရဲ့ ၆၀ ရာခိုင်နှုန်းကို ပေးတာဖြစ်‌ကြောင်း ရောင်းချလို့နည်းရင် ဆုမဲလည်း နည်းသွားမှာ ဖြစ်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဒီဗွီဘီကို‌ ပြောပါတယ်။

ထီလက်မှတ်အရောင်းကျဆင်းတာ‌ကြောင့် ကျပ်သိန်း ၅၀၀၀ ဆုတစ်ဆု အပါအဝင် အထူးဆုတချို့ချီးမြှင့်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။

မေလ ၁ ရက်နေ့ ၁၅ ကြိမ်‌မြောက် ကျပ် ၁၀၀၀ တန်အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် အခုလအတွင်း ထီစာအုပ် ၁၃ သိန်းနီးပါး ရောင်းချခဲ့ပြီး ဒါဟာ ကာလတူ ဧပြီ ၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ ၁၄ ကြိမ်‌မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲ အတွက် ရောင်းချခဲ့တဲ့ ထီစာအုပ်ပေါင်း ၃၂ သိန်းကျော်နဲ့ နှိုင်းယှဉ်ရင် ထီစာအုပ်အရေအတွက် တစ်ဆကျော် ရောင်းအားကျဆင်းခဲ့တာ တွေ့ရပါတယ်။ 

မတ်လနဲ့ ဧပြီလအတွင်းရောင်းချခဲ့တဲ့ ထီရောင်းရငွေ ပမာဏကိုနှိုင်းယှဉ်ရင်လည်း ၁၅ ကြိမ်အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက်အခု ဧပြီလအတွင်း ထီစာအုပ်‌ရောင်းရငွေမှာ ကျပ်သန်း ၁၃၀၀၀နီးပါးရှိခဲ့ပါတယ်။

အရင် ၁၄ ကြိမ်မြောက် ထီဖွင့်ပွဲအတွက် မတ်လအတွင်း ထီစာအုပ်ရောင်းရငွေကတော့ ကျပ်သန်းပေါင်း ၃၂၀၀၀ကျော်ဖြစ်တယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲရဲ့ ‌ကြေညာချက်တွေအရ သိရပါတယ်။

ထီဆုငွေအနေနဲ့လည်း ၁၄ ကြိမ်‌မြောက်ထီဖွင့်ပွဲအတွက် ကျပ်သန်း ၁၉၀၀၀ကျော်ရှိခဲ့ပြီး အခုမေလ ၁ရက်မှာ ဖွင့်လှစ်မယ့် ၁၅ ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် ထီဆုငွေမှာ ကျပ်သန်း ၇၇၀၀ ကျော်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013