
ရုရှားကာကွယ်ရေးဝန်ကြီး ဘယ်လူဆာ့ဗ်ဟာ ကာ့စ်ခ်ဒေသမှာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ ယူကရိန်းကို တိုက်ခိုက်ခဲ့တဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို ဧပြီ ၂၆ ရက်က ဆုချီးမြှင့်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားတပ်တွေနဲ့အတူ ယူကရိန်းကို တိုက်ဖို့ ခန့်မှန်းခြေ တပ်ဖွဲ့ဝင် ၁၄,၀၀၀ လောက်ကို စေလွှတ်ခဲ့တာပါ။
သူတို့ထဲက စစ်သည်အယောက် ၆,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ တောင်ကိုရီးယား၊ ယူကရိန်းနဲ့ အနောက်နိုင်ငံအရာရှိတွေက ပြောခဲ့ပါတယ်။
ဒီအတောအတွင်း ရုရှားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ၂ ဖွဲ့ မြောက်ကိုရီးယားကို အလည်အပတ် လာရောက်ခဲ့ပြီး ရုရှား ကာကွယ်ရေးဝန်ကြီး အန်ဒရီ ဘီလူဆော့ဗ်ကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ဧပြီ ၂၆ ရက်မှာ တွေ့ခဲ့ပါတယ်။
နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ “မကြုံစဖူး မြင့်မားတဲ့အဆင့်” ကို ရောက်ခဲ့တယ်လို့ ဘီလူဆော့ဗ်က ပြောပါတယ်။
အစောပိုင်းမှာ ရုရှားလွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ မဟာမိတ်ဖြစ်သူ ဗီယာချက်စလပ်ဗ် ဗိုလိုဒင်က ကင်မ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ကာ့က်စ်ခ်ဒေသမှာ တိုက်ခိုက်ခဲ့တဲ့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေအတွက် အောက်မေ့ဖွယ် အခမ်းအနားနဲ့ ပြတိုက်တခု ဖွင့်လှစ်ရာမှာ ကင်မ်ဟာ ရုရှားကိုယ်စားလှယ်အဖွဲ့နဲ့အတူ ပါဝင် တက်ရောက်ခဲ့ပါတယ်။
Source: Reuters










