DVB Logo
Home
မြန်မာသတင်း
COVID-19 ကာလကို အခွင့်ကောင်းယူပြီး ဒုစရိုက်သမားများ မှုခင်းကျူးလွန်နေဟု ရဲတပ်ဖွဲ့သတိပေး
DVB
·
April 28, 2020
COVID-19 ကာလကို အခွင့်ကောင်းယူပြီး ဒုစရိုက်သမားများ မှုခင်းကျူးလွန်နေဟု ရဲတပ်ဖွဲ့သတိပေး
Donate to DVB

COVID-19 ကပ်ရောဂါကာလကို အခွင့်ကောင်းယူပြီး  ဒုစရိုက်သမားတွေက မှုခင်းကျူးလွန်တာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အများပြည်သူသို့ အသိပေးနှိုးဆော်လိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံတွင်းမှာ ခရီးသွားလာမှု ကန့်သတ်ခြင်း၊ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာ၊ Home Stay နေထိုင်စေတာစတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အရေးပေါ် အစီအမံတွေ ထိန်းချုပ်ဆောင်ရွက်နေတာကို ဒုစရိုက်သမားတွေနဲ့ ဝိသမလောဘ စီးပွားရေး သမားတွေက အခွင့်ကောင်းယူ လုပ်ဆောင်တာတွေရှိတာလို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိကာလမှာ ဒုစရိုက်သမားတွေက ပြင်ပမှာ တွေ့မြင်ရမှုနည်းပါးသွားပြီး အွန်လိုင်းနဲ့ အိမ်တွင်းကျူးလွန်မှုတွေအဖြစ်  ပြောင်းလဲသွားသလို  ပြည်သူတွေ လိုအပ်တဲ့ အစားအသောက်နဲ့ ကျန်းမာရေးအတွက် ဆေးဝါးအတုလုပ်တာနဲ့ ဈေးနှုန်းမြှင့်တင်ရောင်းချတာတွေ လုပ်လာကြတယ်လို့ ဆိုပါတယ်။

Home Stay ကြောင့် Online Games တွေပိုမိုအသုံးပြုလာကြရာ Cyber ဒုစရိုက် သမားတွေက Game နည်းလမ်းသစ်တွေ တီထွင်ထုတ်လွှင့်ပြီး ငွေကြေးလိမ်လည်မှုတွေနဲ့ ကွန်ပျူတာထိခိုက်ပျက်စီးအောင်ရည်ရွယ်ပြီး Malware နဲ့ Ransomware ကဲ့သို့သော Virus တွေနဲ့ တိုက်ခိုက်လာတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဆေးရုံတွေရဲ့ အင်တာနက်နဲ့ ချိတ်ဆက်မှုစနစ်တွေ၊ အရေးပေါ်လူနာခွဲစိတ်မှုတွေ၊ COVID-19 ကူးစက်ရောဂါကုသမှုနဲ့ လူနာစောင့်ကြည့်သည့်စနစ်တွေ အပေါ် ဆိုက်ဘာ တိုက်ခိုက်မှုတွေလုပ်ဆောင်ကြသလို ဒုစရိုက်သမားတွေက COVID-19 နဲ့ ဆက်စပ်တဲ့ Stock ရင်းနှီးမြှုပ်နှံမှုတွေမှာ ရောဂါဖြစ်နေသူတွေရဲ့ အရင်းအနှီးတွေကို နည်းမျိုးစုံနဲ့ လိမ်လည်/ ခြိမ်းခြောက် ငွေကြေးရယူတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

လိမ်လည်သူတွေက ဆေးဝါးပစ္စည်တွေရောင်းချဖို့ ဖြန့်ဝေရာမှာ website, e-commerce platforms, social medias, emails တွေသုံးပြီး နာမည်ကြီး ကုမ္ပဏီတွေရဲ့ အမည်ကိုအသုံးပြုကာ ငွေလွှဲပြောင်းလိမ်လည်ရယူတာ၊ တယ်လီဖုန်းနဲ့ဆက်သွယ်ပြီး COVID-19 ကပ်ရောဂါနဲ့ ဆေးရုံတက်နေရသူ၊ Quarantine စခန်းဝင်နေရသူလို့ လိမ်လည်ပြောဆိုပြီး ဆေးဝါးကုသစရိတ်များ လိမ်လည် တောင်းခံတာတွေရှိနေတယ်လို့သိရပါတယ်။

အလားတူ အွန်လိုင်းမှာ ဆရာဝန်/အထူးကုသမားတော် ဟန်ဆောင်ထုတ်လွှင့်ပြီး ဆေးဝါးအတုတွေ ဝယ်ယူစေတာနဲ့ စိုးရိမ်ကြောက်ရွံ့နေသူတွေထံက email နဲ့ Password တောင်းခံ  ငွေကြေးလိမ်လည် ရယူတာတွေရှိနေတယ်လို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

ညမထွက်ရအမိန့်နဲ့ Home Stay နေထိုင်စဉ် ရာသီဥတုပူပြင်းလို့ နေအိမ် ပြတင်းပေါက်တွေ ဖွင့်ထားတာကြောင့် ဒုစရိုက်သမားတွေက အခွင့်ကောင်းယူကာ အိမ်ကျော်နင်းမှု၊ ခိုးယူမှုတွေကျူးလွန်တာ၊ လက်နက်နဲ့ခြိမ်းခြောက် လုယက်မှု၊ ခြောက်လှန့်တောင်းယူမှုများ ကျူးလွန်တာ၊ Onlineကနေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ မမှန်သတင်းတွေ ထုတ်လွှင့်တာ ခြိမ်းခြောက်ငွေတောင်းယူမှုတွေ ကျူးလွန်ကြတယ်လို့လည်း သတိပေးထားပါတယ်။

ဒါ့အပြင် Online Delivery ပို့ဆောင်သူတွေတွေထံက ရောဂါကူးစက်နိုင်တဲ့အပြင် မိမိနဲ့ သိကျွမ်းမှုမရှိတဲ့ Delivery တွေက အစားအသောက်တွေမှဦ မူးဝေမေ့လျော့ စေတဲ့ ဆေးဝါးတွေထည့်သွင်းပြီး အိမ်တွင်းခိုးယူမှု၊ လုယက်မှုများကျူးလွန်တာတွေရှိတယ်လို့လည်း ဆိုပါတယ်။

Mask ကို လူတိုင်းတပ်ဆင်ထားရလို့ ဒုစရိုက်သမားတွေက ပုံဖျက်ဖို့ အခွင့်ကောင်းရရှိပြီး ယာဉ်/ဆိုင်ကယ်တို့နဲ့ ရုတ်တရက် အနီးကပ်လုယက်မှု ကျူးလွန်တာတွေရှိတယ်လို့လည်းရဲတပ်ဖွဲ့က သတိပေးထားပါတယ်။ 

ဒါ့ကြောင့် အများပြည်သူလူထုအနေနဲ့ Cyber / Online တို့မှ လိမ်လည်မှုနဲ့ မှုခင်းတွေ ကျူးလွန်မခံရအောင် ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ email တွေ မိမိအသုံးပြုနေတဲ့ Links တွေ မဟုတ်ပါက attached files တွေကို မဖွင့်ကြည့်ဖို့  လုံခြုံမှုအပြည့်အဝရှိတဲ့ password ကိုအသုံးပြုဖို့ Antivirus software တွေနဲ့ Social media  လုံခြုံရေးစနစ်ကို ခိုင်မာမှုရှိအောင် စီမံထားဖို့ တိုက်တွန်းပါတယ်။

မိမိမြို့/ရွာ၊ ရပ်ကွက်မှာ ထူးခြားမှု၊ မသင်္ကာဖွယ်ရာ တစ်စုံတစ်ရာရှိလာပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ၊ လှည့်ကင်းတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ တာဝန်ရှိသူတွေကို အရေးပေါ် ဆက်သွယ်အကြောင်းကြားဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013