DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းဆေးရုံနှင့် သင်ကြားရေးဆေးရုံကြီးသို့ Protective Chamber လှူဒါန်း
DVB
·
April 27, 2020
မကွေးတိုင်းဆေးရုံနှင့် သင်ကြားရေးဆေးရုံကြီးသို့ Protective Chamber လှူဒါန်း
Donate to DVB

ဓာတ်ခွဲနမူနာ ရယူရာမှာ COVID-19 ရောဂါ မကူးစက်နိုင်အောင် မကွေးတိုင်း ပြည်သူ့ဆေးရုံနဲ့ သင်ကြားရေးဆေးရုံကြီးတွေကို "Protective Chamber" တခုစီ လှူဒါန်းပေးထား တယ်လို့ ရွှေပါရမီဖောင်ဒေရှင်းမှ တွဲဖက်အတွင်းရေးမှူး ဦးအေးကိုက ပြောပါတယ်။

"COVID-19 ရောဂါ စောင့်ကြည့် သံသယလူနာတွေဆီက နှာခေါင်းတို့ဖတ်၊ လည်ချောင်းတို့ဖတ်တို့ ရယူတဲ့အခါ မှန်ခြားထားတဲ့အတွက် တိုက်ရိုက်ထိတွေ့မှုမရှိဘဲ ဘေးကင်းလုံခြုံအောင် ရည်ရွယ်ပြီး လှူဒါန်းပေးတာပါ။”

အလှူရှင်နဲ့ ချိတ်ဆက်ပြီး 9 Star အလူမီနီယံက လုပ်အားစိုက်ထုတ် တီထွင်ပေးတာကာ မကွေး သင်ကြားရေးဆေးရုံကြီးကို လှူဒါန်ပေးခဲ့တာဖြစ်ပြီး တိုင်းပြည်သူ့ဆေးရုံကြီးကိုတော့ အလှူရှင်တဦးက တိုက်ရိုက်လှူဒါန်းပေးတာလို့ ဆိုပါတယ်။

ဒါ့အပြင် မကွေးသင်ကြားရေးဆေးရုံကြီးမှာ ECG စက်တလုံးရှိပေမယ့် တခြားလူနာတွေနဲ့ ရောထွေးမှုမရှိအောင် ECG စက်အသစ်တစ်လုံး လှူဒါန်းပေးထားပါတယ်လို့ ဦးအေးကိုက ပြောပါတယ်။

ရျှေပါရမီ ဖောင်းဒေရှင်ေအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ပရဟိတအဖွဲ့တွေအတွက် COVID-19 ရောဂါ အကာကွယ်ပစ္စည်းတွေ လှူဒါန်းပေးထားပြီး Isolation Ward နဲ့ Quarantine မှာ တာဝန်ကျနေတဲ့သူတွေကိုလည်း နေ့စဉ်အစားသောက်တွေ လှူဒါန်းပေးနေတယ်လို့ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013