DVB Logo
Home
မြန်မာသတင်း
ကညွှတ်ကွင်း Quarantine Center နေသူများကို ဝါသနာရှင်လူငယ်များ သီဆိုဖျော်ဖြေ
DVB
·
April 26, 2020
ကညွှတ်ကွင်း Quarantine Center နေသူများကို ဝါသနာရှင်လူငယ်များ သီဆိုဖျော်ဖြေ
Donate to DVB

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့ ကွင်းနောက် (၁) ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ Quarantine Center မှာ နေသူတွေ စိတ်ဓာတ်ခွန်အား မြင့်မားစေဖို့ ရည်ရွယ်ပြီး မြို့ပေါ်ရှိ ဝါသနာရှင်လူငယ်လေးတွေက ဧပြီ ၂၅ ရက်နေ့ညပိုင်းမှာ သီချင်းဆိုဖျော်ဖြေခဲ့ကြပါတယ်။

ဝါသနာရှင် ၇ ဦးက ဖျော်ဖြေခဲ့တာဖြစ်ပြီး ငွေကြေးအခက်အခဲကြောင့် Quarantine Center အားလုံးမှာတော့ မဖျော်ဖြေနိုင်ခဲ့ဘူးလို့ ဦးဆောင်သူတဦးက ပြောပါတယ်။

“ရက်ပေါင်း ၂၁ ရက်ဆိုတဲ့ အချိန်က မနည်းဘူးလေ။ အဲဒီအချိန်မှာ သူတို့တွေ စိတ်ဓာတ်ခွန်အားတွေ ရှိနေဖို့အတွက် ရည်ရွယ်တယ်။ ငွေကြေးအခက်အခဲကြောင့် တတ်နိုင်သလောက်လေး လုပ်ရတာပါ။”

မနေ့ည ၈  နာရီအချိန်လောက်က စတင်ပြီး စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် သီချင်းတွေကို သီဆိုဖျော်ဖြေပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖြူးမြို့နယ်အတွင်း Quarantine Center ၇ ခုမှာ ပြည်ပနိုင်ငံတွေက ပြန်လာသူ ၂၂ ဦးသာ ရှိတော့တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ကျော်အောင်(ကညွှတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013