DVB Logo
Home
မြန်မာသတင်း
မိုင်းဆတ်ဆေးရုံတွင် သုံးနှစ်အရွယ် ကလေး ၁ ဦးကို သံသယလူနာအဖြစ် စောင့်ကြည့်ကုသ 
DVB
·
April 25, 2020
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ဟိုနားရွာက သုံးနှစ်အရွယ် ကလေးတဦးကို ကလေးအထူးကုဆရာဝန်ရဲ့  ဆေးမှတ်ချက်အရ COVID-19 ပဉ္စမမြောက် သံသယလူနာအဖြစ် ဧပြီ ၂၅ ရက် မနက်က မိုင်းဆတ်ပြည်သူ့ဆေးရုံမှာ ကုသပေးနေပါတယ်။

“ကလေးအခြေအနေက ဖျားတယ်။ ချောင်းဆိုး၊ လည်ပင်းနာပြီး အဆုတ်တဖက်က ခဲနေ သလိုဖြစ်နေတာ။ ကလေးအထူးကုဆရာဝန်က စစ်ဆေးတွေ့ရှိတာကြောင့် သံသယလူနာ သတ်မှတ်ပြီး ဆေးရုံတင် ကုသနေပါတယ်” လို့ မိုင်းဆတ်ပြည်သူ့ဆေးရုံက ဒေါက်တာသန်းဝင်းက ပြောပါတယ်။

ကလေးငယ်ကို ပဉ္စမမြောက် သံသယလူနာအဖြစ် နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာ ယူထားပါတယ်။

လတ်တလော မိုင်းဆတ်က အခြေခံပညာအထက်တန်းကျောင်းခွဲမှာ Facility Quarantine အဖြစ် အသွားအလာ ကန့်သတ်ထားသူ ၃ ဦးရဲ့ တို့ဖတ်နမူနာတွေနဲ့အတူ ကျိုင်းတုံကနေတဆင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန NHL ကို ဧပြီ ၂၅ ရက်နေ့ ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။

အောင်ဇေယျ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013