DVB Logo
Home
Lead Story
ငြိမ့်ငြိမ့်လေးနဲ့ ခံစားနားဆင်နိုင်မယ့် ရေချယ်လ်တေဇသီချင်းသစ်-“တိုးတိုးလေး”(ရုပ်သံ)
DVB
·
April 24, 2020
ငြိမ့်ငြိမ့်လေးနဲ့ ခံစားနားဆင်နိုင်မယ့် ရေချယ်လ်တေဇသီချင်းသစ်-“တိုးတိုးလေး”(ရုပ်သံ)
Donate to DVB

       “မနိုးတဝက်… ဒီအိပ်မက်မှာ မှေးစက်… အို တဖက်သတ်… ခံစားချက်တွေ ခဏ ရပ်… သူ့အတွက်… အို… ရုန်းမထွက်နိုင်တော့တဲ့ ချည်နှောင်ထားတဲ့… ဒီကြိုးလေး… အခုပြတ်”

       ဒါကတော့ လတ်တလော အသစ်ထွက်ရှိထားတဲ့ အမျိုးသမီး တေးသံရှင် ရေချယ်လ်တေဇရဲ့ သီချင်းသစ်တပုဒ်ဖြစ်ပြီး ထူးခြားတဲ့ ပုံစံတမျိုးနဲ့ အွန်လိုင်းပရိသတ် တွေကြား ရေပန်းစားလို့ နေပါတယ်။

       “တိုးတိုးလေး”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ရေချယ်လ်တေဇက ကိုယ် တိုင်ရေးစပ်ပြီး ကိုယ်တိုင်ပဲ သီဆိုထားခဲ့တာ ဖြစ်ပါတယ်။

       “အရင်လိုပဲ ပြောဖူးတယ်… ပုံပြင်တွေ တမ်းတတယ်… အချိန်တွေလည်း ဟောင်း လို့ရယ်… အို… ဆွံ့အသွား… သူ့နှုတ်ခမ်းပါးဟာ… တိုးတိုးလေး… တိုးတိုးလေး… ပြောချင်တဲ့ စကားတွေ တိတ်ဆိတ်စွာ… တိုးတိုးလေး… တိုးတိုးလေး… သူရယ်သံတွေဟာ ခု ချိန် နားထဲမှာ… မထွက်တော့မယ့် စကားလေးတွေ… ကိုယ်တကယ်ဖွင့်ပြောမယ်… တိုး တိုးလေး”

မြန်မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးတေဇရဲ့ အငယ်ဆုံး ရင်သွေးတဦးဖြစ်တဲ့ ရေချယ်လ်ဟာ “မြစ်”အမည်ရတဲ့ ဇာတ်ဝင်သီချင်းတပုဒ်နဲ့အတူ ပရိသတ်တွေကြား အားပေးမှု ရရှိလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီသီချင်းကတော့ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ပထမဆုံးရုပ်ရှင်အဖြစ် အောင်မြင်ခဲ့တဲ့ “ည”ရုပ်ရှင်ကားထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

သီချင်းတွေ ကိုယ်တိုင်ရေး ကိုယ်တိုင် သီဆိုလေ့ရှိတဲ့ ရေချယ်လ်ဟာ ကာဗာသီ ချင်းတချို့ကိုလည်း ပြန်လည်သီဆိုလေ့ရှိပြီး ထူးခြားတဲ့ အသံပါရမီရှိသူလို့ ပရိသတ်တွေက သိထားကြတာပါ။

ရေချယ်လ်ဟာ ပြီးခဲ့တဲ့ နှစ်တုန်းက လူငယ်အမျိုးသမီးတေးသံရှင်တွေ ဖြစ်ကြတဲ့ Mary၊ Gabriel Phway တို့နဲ့အတူ The Blue Night လို့ အမည်ပေးထားတဲ့ ဖျော်ဖြေပွဲတခုမှာ ပါဝင်ခဲ့ပါသေးတယ်။

“တိုးတိုးလေး”သီချင်းကတော့ သီချင်း ၇ ပုဒ်ပါဝင်တဲ့ သူ့ရဲ့ “ကမ္ဘာ”အမည်ရတဲ့ မီနီ တေးအယ်လ်ဘမ်ထဲက သီချင်းတပုဒ်ဖြစ်ပြီး လတ်တလောမှာတော့ ပရိသတ်တွေကြား မှာ လူကြိုက်များနေခဲ့ပါတယ်။

“ရုတ်တရက်… သူအိပ်မက်တွေ နိုးထချိန် ပြောင်းလဲသွား… အဖြစ်အပျက်… အဆိပ်တခွက်… ချိုလွန်းခဲ့… ပူလောင်လွန်းလည်း… လိုချင်တုန်းပဲ… ဟေး”

ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ အသံနဲ့  တဖက်သက်စွဲလန်းရတဲ့ အချစ်တွေနဲ့ ခံစားချက်တွေ အကြောင်း တိုးတိုးလေးဖွင့်ပြောနိုင်ဖို့ ကြိုးစားနေတဲ့အကြောင်းကို ရေးဖွဲ့ထားတဲ့ ဒီသီချင်းကိုတော့ ရေချယ်လ်တေဇရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်နဲ့ သီချင်း နားဆင်နိုင်တဲ့ ဂီတပလက်ဖောင်းတွေဖြစ်တဲ့ Legacy နဲ့ Joox တို့ကနေ တဆင့် ခံစားနား ဆင်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013