DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ကျပ် သိန်း ၁၈၀၀ တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီးရမိ
DVB
·
April 24, 2020
ရေးမြို့နယ်တွင် ကျပ် သိန်း ၁၈၀၀ တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီးရမိ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောက်မိချောင်းကျေးရွာမှာ ဧပြီ ၂၃ ရက် ညနေပိုင်းက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးကို စိတ်ကြွဆေးပြား ၃၆၀၀၀ နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရေးမြို့နယ်မူးယစ်တပ်ဖွဲ့ထံက သိရပါတယ်။

ကျောက်မိချောင်းကျေးရွာ မြောက်ပိုင်းမှာနေထိုင်တဲ့ ကိုတင်မောင်ဦး(ခ) ယုရဲ့နေအိမ်မှာ မူးယစ်ဆေးဝါးရောင်းချနေကြောင်းသတင်းရတာကြောင့် ရေးမြို့နယ်မူးယစ်တပ်ဖွဲ့စု ၃၉ မှ ရဲအုပ်မျိုးအောင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သက်သေတွေနဲ့အတူ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာပါ။

ဝင်ရောက်ရှာဖွေရာမှာ ကိုဟိန်းလင်းစိုး(ခ)မောင်ဟိန်း၊ ကိုတင်မောင်ဦး(ခ)ယုနဲ့ မသင်းသင်းခိုင်(ခ)ငယ်ငယ် တို့ကို တွေ့ရှိရပြီး သူတို့ကိုယ်တိုင်လိုက်လံပြသလို့ နေအိမ်ဝဲဘက် ကွမ်းပင်အနီးမှာ ဖွက်ထားတဲ့ စိတ်ကြွဆေးပြား ၃၆၀၀၀ တန်ဖိုးအားဖြင့် ကျပ် သိန်း ၁၈၀၀ တန်ဖိုးရှိ တဲ့ မူးယစ်ဆေးတွေနဲ့ Honda Fit ကားတစ်စီးကိုပါ သိမ်းဆည်းရမိခဲ့တာပါ။

ရေးမြို့နယ်မူးယစ်တပ်ဖွဲ့စု ၃၉ ဒုရဲမှူး အောင်မိုးက ''သတင်းအရ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိဖို့အတွက်ကတော့ အမြဲတမ်းကြိုးစားအားထုတ် နေပါတယ်။ ခုနှစ်အတွင်းမှာ တော့ ခုလိုအလုံးရေအများကြီးမိတာကပထမဆုံးပါ''လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရေးမြို့မရဲစခန်းက မူး/စိတ် ဥပဒေ ပုဒ်မ ၁၉(က)/၂၁ နဲ့ အမှုဖွင့်လှစ်ထားပြီး ကွင်းဆက်တရားခံဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အောင်သုခရပ်ကွက်နေ ရပ်မိရပ်ဖတစ်ဦးကတော့ ''အရင်တုန်းက ဖမ်းဆီးရမိခဲ့မှုက အရေအတွက်နည်းလို့ အားရစရာမရှိပေမယ့် ခုလအတွင်းမှာ ခပ်စိပ်စိပ်ဖမ်းဆီးပေးလာမှုရယ်၊ ခုလို အများကြီး မိလာတာရယ်က ရဲတပ်ဖွဲ့ရဲ့လုပ်ဆောင်ချက်အပေါ် ကျေနပ်စရာကောင်းသလို ဆေးသုံးစွဲရောင်းချသူတွေအတွက် တန့်သွားစေမှာဖြစ်ပါတယ်။ စဉ်ဆက်မပြတ်လုပ်ပေးဖို့လည်း တောင်းဆိုပါတယ်" လို့ ပြောပါတယ်။

ရေးမြို့နယ်မှာ ဧပြီလအတွင်း စိတ်ကြွဆေးပြားဖမ်းဆီးရမိမှု ၈ မှုဖြစ်ပွားခဲ့ပြီး အခုဖြစ်စဉ်အပါအဝင် ဆေးပြားပေါင်း ၃၇၀၀၀ ကျော်ဖမ်းဆီးရမိခဲ့တယ်လို့ ရေးမြို့နယ်ရဲတပ်ဖွဲ့ထံက သိရပါတယ်။

သတင်း- ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013