DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော် အရန်ရိက္ခာဝယ်ယူရန် ငွေကျပ် ၃၈ ဘီလီယံ ခွင့်ပြုချက်ရရှိထား
DVB
·
April 24, 2020
နိုင်ငံတော် အရန်ရိက္ခာဝယ်ယူရန် ငွေကျပ် ၃၈ ဘီလီယံ ခွင့်ပြုချက်ရရှိထား
Donate to DVB

နိုင်ငံတော် အရန်ရိက္ခာဝယ်ယူဖို့ ငွေကျပ် ၃၈ ဘီလီယံ ခွင့်ပြုချက်ရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောတယ်။

ဧပြီ ၂၂ ရက်ကပြုလုပ်တဲ့ နိုင်ငံတော်အရန်ရိက္ခာဝယ်ယူစုဆောင်ရေး၊ ကုန်စျေးနှုန်း တည်ငြိမ်ရေးနဲ့ ကုန်စည်စီးဆင်းမှုအဆင်ပြေ ချော့မွေ့စေရေးအွန်လိုင်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

ဒီခွင့်ပြုငွေနဲ့ အရေးပေါ်ရိက္ခာအဖြစ် အဓိကကျတဲ့ ဆန်နဲ့ဆီကိုဝယ်ယူသွားမှာဖြစ်ပြီး၊ ဆန်တန်ချိန် ၅၀၀၀၀ ၊ စားအုန်းဆီတန်ချိန် ၁၂၀၀၀ ဝယ်ယူသွားမယ်လို့ဆိုပါတယ်။ 

ဒီနိုင်ငံတော် အရန်ရိက္ခာတွေကို COVID-19 ရောဂါပြန့်ပွားမှုနှုန်း မြင့်တက်လာပါက အရေးပေါ် ရိက္ခာအဖြစ်နဲ့ သုံးစွဲသွားမှာပါ။

ရိက္ခာ၀ယ်ယူရေးကိစ္စအတွက် ကုန်သည်စက်မှုအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနဲ့ မန္တလေးတိုင်းက ကုန်သည်လုပ်ငန်းရှင် အသင်းအဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးထားပြီးဖြစ်တယ်လို့သိရပါတယ်။

၀န်ကြီးဌာနအနေနဲ့ COVID-19 ကပ်ဘေးကာလအတွင်း ကုန်စျေးနှုန်းတည်ငြိမ်စေဖို့ အခြေခံလူတန်းစားတွေဆီကို ကုန်စည်ဖြန့်ဖြူးရာမှာ အဆင်ပြေချော့မွေ့စေဖို့ အတွက်လည်း ဆောင်ရွက်နေတယ်လို့ စီးပွားကူးသန်းဝန်ကြီးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။ 

သတင်း- စိုးချစ်ပိုင်၊ ဓာတ်ပုံ- U Than Myint

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013