
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့အနားမှာ အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု ဧပြီ ၂၃ ရက် ညက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
မနေ့ည ၈ နာရီ ၄၀ မိနစ် ၄၅ စက္ကန့်အချိန်က ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် ၂၅ မိုင် ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း မှော်ဘီမြို့ရဲ့ အနောက်တောင်ဘက် (၁၇)မိုင် ခန့်အကွာ မြောက်လတ္တီတွဒ် (၁၆.၉၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၀)ဒီဂရီ၊ အနက် (၁၅)ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဓာတ်ပုံ- မိုးဇလ










